ခြေထောက်ဆုံးရှုံးခဲ့သော်လည်း ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ KNDF-BOO1တပ်ဖွဲ့ဝင်တွေ ပြော

ခြေထောက်ဆုံးရှုံးခဲ့သော်လည်း ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ KNDF-BOO1တပ်ဖွဲ့ဝင်တွေ ပြော

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်က ကရင်နီပြည်နယ်ဒီးမော့ဆိုတိုက်ပွဲအတွင်း ခြေထောက်တစ်ဖက်စီ ဆုံးရှုံးခဲ့ရတဲ့ KNDF-BO1 တပ်ဖွဲ့ဝင်ရဲဘော်သုံးဦးက ၄င်းတို့အနေနဲ့ တိုက်ပွဲဆင်နွှဲတာကို ရပ်တန့်မှာ မဟုတ်ဘဲစစ်အာဏာရှင်ပြုတ်ကျတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

" ခြေထောက်ပေးဆပ်ရပေမယ့် ကျွန်တော်တို့မှာ လက်တွေ မျက်စိနဲ့ နားတွေရှိသေးတယ်။ သက်သာတာနဲ့ ကျွန်တော်တို့ တပ်ဖွဲ့ထဲကို ပြန်လာပြီးဆက်လက်တာဝန်ထမ်းဆောင်မယ်ဆိုတာ ကျွန်တို့ရဲ့ ရင်ထဲကလာတဲ့ စကားပါ။ ဆက်ပြီး လက်နက်ကိုင်တိုက်ပွဲဝင်သွားမှာပါ " လို့ ခြေတစ်ဖက် ဆုံးရှုံးလိုက်ရတဲ့  KNDF - BO1 ရဲဘော်တစ်ဦးကပြောပါတယ်။

၎င်းတို့သုံးဦးဟာ လက်ရှိမှာ ခြေထောက်ဒဏ်ရာ အကင်းမသေသေးတာမို့ KNDF ဆေးခန်းမှာပဲ ကုသမှုခံယူနေရဆဲဖြစ်ပေမယ့် သူတို့ရဲ့ ကျန်းမာရေးနဲ့ စိတ်ဓာတ်ရေးဆိုင်ရာကတော့  အထူး ကောင်းမွန်လျက်ရှိတယ်လို့

KNDF တပ်ဖွဲ့ဝင်များထံမှ သိရပါတယ်။

'' သူတို့ ၃ ယောက်က ပြန်ပြီး ကျန်းမာလာတာနဲ့ တာဝန်ပြန်ပြီး ထမ်းဆောင်မယ်လို့ ပြောထားတယ်။ လက်ရှိတော့ အနာမကျက်သေးလို့ ဆက်ပြီးကုသမှုခံယူနေရတယ်။ သူတို့ရဲ့စိတ်ဓာတ်တွေက တကယ်လေးစားရပါတယ်" လို့ KNDF တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

၎င်းတို့ ၃ ဦး အနက် ၂ ဦးမှာ ဒီးမောဆိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်များ၏ ထောင်ထားသည့် မိုင်းနင်းမိ၍ ခြေထောက်တစ်ဘက်စီ ဆုံးရှုံးခဲ့ကြပြီး ကျန် ၁ ဦးကတော့လက်နက်ကြီးထိမှန်ပြီး ခြေထောက်တစ်ဘက် ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း နယ်မြေခံသတင်းရင်းမြစ်များထံမှ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ်လ ၂ ရက်အထိ ကရင်နီပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် KA၊KNDF၊PDF ပူးပေါင်းများအကြား တိုက်ပွဲပေါင်း ၁၈၇ ကြိမ်ဖြစ်ပွားခဲ့ပြီး KNDF/PDF နှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင် ၈၇ ဦး ကျဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု - PKPF ရဲ့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...