ဒီးမော့ဆိုမြို့ ပူဖားကျေးရွာထိ တိုက်ပွဲကူးစက်လာ၊ စစ်ကောင်စီ အင်အားအများအပြားသုံးပြီး ထိုးစစ်ဆင်နေ

ဒီးမော့ဆိုမြို့ ပူဖားကျေးရွာထိ တိုက်ပွဲကူးစက်လာ၊ စစ်ကောင်စီ အင်အားအများအပြားသုံးပြီး ထိုးစစ်ဆင်နေ

မိုးဗြဲမြို့ကနေ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ပူဖားကျေးရွာထိ တိုက်ပွဲကူးစက်လာပြီး စစ်ကောင်စီကနေပြီး တင့်ကား၊ အမြောက်၊ ဒုံးကျည်အပြင် ခြေလျင်အင်အား ၅၀၀ ဝန်းကျင်ခန့်နဲ့ စစ်ကြောင်း ၃ကြောင်း ထိုးစစ်ဆင်တာတွေ ပြုလုပ်နေတယ်လို့ လွိုင်ကော်PDFက ဒီကနေ့ မတ်လ ၄ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပူဖားကျေးရွာအထိရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ လက်နက်ကြီးတွေ ပစ်ခတ်တာတွေရှိနေတယ်လို့ လွိုင်ကော်PDFတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ လောလောဆယ်တော့ ကျနော်တို့နောက်ဆုံးတင်တာ updateပဲ။ အခုက ပူဖားရွာကိုရောက်ပြီ။ ပူဖားရွာမှာ ဟိုဖက် ဒီဖက်ပစ်နေကြတာပေါ့လေ။ အခုလက်ရှိအခြေအနေပေါ့။ “

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ပြည်သူတွေရဲ့ နေအိမ်ထိခိုက်ပျက်စီးနေတာတွေလည်း ရှိနေပါတယ်။ မနေ့က( မတ်လ၃ရက်) နေ့မှာဆိုရင် ဆီးလီဒုန်းကျေးရွာမှာ စစ်ကောင်စီနဲ့ ကရင်နီပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တနေကုန်နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၅ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေဟာ မိုးဗြဲမြို့ကနေ အင်အားအများအပြားနဲ့ စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် ရှမ်း-ကရင်နီနယ်စပ် နန်းမယ်ခုံမြို့အပြင် အနီးတစ်ဝိုက်ကျေးရွာ၊

ဒီးမော့ဆိုမြို့နယ်အတွင်း ကျေးရွာအထိ တိုက်ပွဲက ကူးစက်လာတာဖြစ်ပါတယ်။

မိုးဗြဲမြို့ နဲ့ ဒီးမော့ဆိုဟာ ၁၅မိုင်ခန့်သာ ကွာဝေးပြီး မိုးဗြဲမြို့တိုက်ပွဲကနေ ဒီးမော့ဆိုမြို့ကို ဦးတည်တိုက်ခိုက်လာတာဖြစ်တယ်လို့ လွိုင်ကော် PDF ကဆိုပါတယ်။

ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)၊ KNDF၊ DMO-PDF၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးတိုက်ခိုက်ရေးအဖွဲ့ နဲ့ အခြား မဟာမိတ်တပ်ပေါင်းစု တို့က ခုခံတိုက်ခိုက်နေပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရသလို စစ်ရှောင်တွေကလည်း ထပ်ဆင့် စစ်ဘေးရှောင်နေရတာကြောင့် စစ်ရှောင်လူဦးရေ တစ်သိန်းခုနှစ်သောင်းကျော်ရှိနေပြီး လတ်တလောမှာ နေရေးထိုင်ရေး၊ အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ကန္တာရဝတီတိုင်း(မ်)ရဲ့ လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ စာရင်းအရ ကရင်နီပြည်နယ်မှာ ဖေဖော်ဝါရီလ တစ်လအတွင်း တိုက်ပွဲတွေကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ကျဆုံးသူ ၃၃ဦးအထိရှိခဲ့ပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...