ရှမ်းပြည်နယ် တောင်ပိုင်းက စစ်ရှောင်တွေ ရိက္ခာ အခက်အခဲကြုံတွေ့နေ

ရှမ်းပြည်နယ် တောင်ပိုင်းက စစ်ရှောင်တွေ ရိက္ခာ အခက်အခဲကြုံတွေ့နေ

ကရင်နီပြည်နယ် လွိုင်ကော်မြို့ကနေ ရှမ်းပြည်နယ် တောင်ပိုင်းဖက်မှာ နေရပ်မပြန်ရဲသေးဘဲ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရတယ်လို့ စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း နန်းမူကျေးရွာမှာ စစ်ရှောင်နေတဲ့ ပြည်သူတစ်ဦးကတော့ ရိက္ခာအခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

‘’ကျနော်တို့ဒုက္ခ ရောက်နေတာ နှစ်လတောင်ရှိပြီ ၊ ရွာထဲကိုလက်နက်ကြီးတွေ

ကျတော့ထွက်ပြေးခဲ့ရတယ် ။ ခုလည်း ဆီဆန်တွေကတော့ ၃ရက်စာလောက် ပဲကျန်တယ် ။ ပြန်ဖို့လည်းကြောက်နေသေးတယ်လေး ။’’ လို့ ပြောပါတယ်။

အများစုက ထေးသမ၊ ၃မိုင် ပကြဲစံပြနဲ့ ပကြဲစံပြ ကျေးရွာက ပြည်သူတွေ စစ်ရှောင်နေကြတာဖြစ်ပြီး ရွာခံတွေ ကူညီပေးတာတွေတော့ရှိတယ်လို့ ဆိုပါတယ်။

‘’ ခုနေနေတာက စစ်ရှောင်စခန်းလိုတော့ မဟုတ်ဘူး ကျနော်တို့ကို ရွာခံတွေကနေပြီးတော့ လူမနေတဲ့ အိမ်တွေ နဲ့ စာသင်ကျောင်းတွေမှာပေးနေထားတယ်။ ဟင်းသီးဟင်းရွက်တွေ

ကအစ ဝယ်စားနေရပါတယ် ။ အစပိုင်းတော့ရွာခံ တွေကဝေငှပေးနိုင်ပေမယ့် ကြာတော့ သူတို့လည်းမတတ်နိုင် တော့ဘူးလေ ။ “ လို့ သူကဆက်ပြောပါတယ်။

လွိုင်ကော်မြို့တွင်းမှာဆိုရင် ဖေဖော်ဝါရီလ ဒုတိယအပတ်ကစပြီး မြို့တွင်း ပြန်လာနေတဲ့ ပြည်သူတွေရှိနေပါတယ်။ လွိုင်ကော်မြို့ပေါ်က တိုက်ပွဲဖြစ်ပွားမှုများတဲ့ ဒေါဥခူရပ်ကွက်၊ မိုင်းလုံးရပ်ကွက်၊ မှုံပြာရပ်ကွက်တွေမှာ စစ်ကောင်စီထောက်ခံတွေယူပြီး ပြန်လာနေထိုင်နိုင်တယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

လွိုင်ကော်မြို့တွင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် တခြားနီးစပ်ရာပြည်နယ်တွေကို စစ်ရှောင်နေကြရတဲ့ ပြည်သူနှစ်သောင်းရှိခဲ့ပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...