စစ်ကောင်စီလက်ထက်မှာ လျှပ်စစ်မီး နေ့စဉ်ရက်ဆက် ပြတ်တောက်နေလို့ ပြည်သူတွေ ပိုမို အခက်ကြုံနေရ

စစ်ကောင်စီလက်ထက်မှာ လျှပ်စစ်မီး နေ့စဉ်ရက်ဆက် ပြတ်တောက်နေလို့ ပြည်သူတွေ ပိုမို အခက်ကြုံနေရ

အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ နေပြည်တော်ကလွဲပြီး ကျန်တိုင်းနဲ့ပြည်နယ်တွေမှာ လျှပ်စစ်မီး နေ့စဉ်ရက်ဆက် ပြတ်တောက်နေတာကြောင့် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ ပြည်သူတွေက ပြောပါတယ်။

နိုင်ငံတဝန်းမှာတော့ ဖေဖော်ဝါရီ ဒုတိယအပတ်ကစပြီး လျှပ်စစ်မီး ပြတ်တောက်တာတွေ ပိုမို ဖြစ်ပေါ်နေတာပါ။ လျှပ်စစ်မီးပြတ်တောက်ရာမှာလည်း အရင်လို နာရီပိုင်း မဟုတ်တော့ဘဲ တစ်ခါပြတ်ရင် အနည်ဆုံး ၆ နာရီလောက် ပြတ်တောက်နေတာ ဖြစ်ပါတယ်။

လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်နေတဲ့အတွက်ကြောင့် အလုပ်လုပ်တဲ့ နေရာမှာ အခက်အခဲမျိူးစုံရင်ဆိုင်နေရတယ်လို့ ဒေသခံပြည်သူ တစ်ဦးက ပြောပါတယ်။

"အရမ်းအခက်အခဲတွေ့တယ်။ အလုပ်လုပ်လို့ကို မရဘူး။ မီးပျက်တာက သုံးလေးနာရီမဟုတ်ဘူး၊ တရက်ကို နှစ်ခါပျက်တယ်။ တခါပျက်ရင်လည်း ၆ နာရီလောက်ကြာတယ်။ ကျွန်မတို့က လျှပ်စစ်မီးနဲ့ အလုပ်လုပ်ရတယ်ဆိုတော့ အလုပ်လုပ်လို့ကို မရဘူး"လို့  ဒေသခံပြည်သူ တဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနကတော့ လျှပ်စစ်မီတာခတွေကို အတင်းအကြပ် ဖိအားပေးပြီး လိုက်လံကောက်ယူနေပေမယ့် လျှပ်စစ်မီးကိုတော့ မကြာခဏဆိုသလို ဖြတ်တောက်နေတာပါ။

လျှပ်စစ်မီး ဖြတ်တောက်ရာမှာလည်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးဌာနက ကြိုတင်အသိပေးတာမရှိတဲ့အတွက်ကြောင့် လုပ်ငန်းလည်ပတ်တဲ့နေရာမှာ အချိန်ကြန့်ကြာမှုတွေ ရှိနေသလို ထိခိုက်နစ်နာမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

စစ်ကောင်စီဘက်ကတော့ ဘာကြောင့် လျှပ်စစ်မီးတွေ နေ့စဉ်ရက်ဆက် ပြတ်တောက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။ ဒါပေမယ့် စစ်ကောင်စီကတော့ မီတာခမဆောင်တဲ့ နေအိမ်တွေကိုတော့ မီးဖြတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...