ကိုဗစ်ကူးစက်ခံနေရတဲ့ လေးကေကော် စစ်ရှောင်ပြည်သူတွေအတွက် အကူအညီ လိုအပ်နေ

ကိုဗစ်ကူးစက်ခံနေရတဲ့ လေးကေကော် စစ်ရှောင်ပြည်သူတွေအတွက် အကူအညီ လိုအပ်နေ

ကိုဗစ်ရောဂါပိုး အစုလိုက် အပြုံလိုက် ကူးစက်ခံနေရတဲ့ လေးကေကော်ဒေသက စစ်ရှောင်ပြည်သူတွေအတွက် အကူအညီ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေတဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ပြောပါတယ်။

လေးကေကော်ဒေသတိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တလျှောက်နဲ့ လေးကေကော်အနီးဝန်းကျင် ဒေသတွေမှာ တိမ်းရှောင်နေထိုင်နေကြတာပါ။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ လလယ်ပိုင်းကစပြီး စစ်ရှောင်ပြည်သူတွေ နေထိုင်ရာဒေသတချို့မှာ နယ်မြေခံကျန်းမာရေးဝန်ထမ်းတွေက ကိုဗစ်ရောဂါရှိမရှိ ဆေးစစ်မှုတွေ လုပ်ဆောင်ရာမှာတော့ စစ်ဘေးရှောင်ပြည်သူတချို့မှာ ကိုဗစ်ရောဂါပိုးကို စတင် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အခုအခါ စစ်ရှောင်ပြည်သူတွေမှာ ကိုဗစ်ရောဂါပိုး အစုလိုက် အပြုံလိုက် ကူးစက်တာတွေ ရှိနေပြီး သူတို့အတွက် လူသားချင် စာနာထောက်ထားမှု အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ပြောခွင့်ရ စောနန္ဒဆူးက ပြောပါတယ်။

“ ကိုဗစ် လက္ခဏာနဲ့တူတဲ့ လူနာတွေက အယောက် ခုနှစ်ဆယ် ၊ ရှစ်ဆယ်လောက် ရှိတယ်။ လောလောဆယ်က ကွာရန်တင်းမရှိနေဘူး။ နေရေး ထိုင်ရေးတောင် အဆင်မပြေနေဘူး” လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ဆေးဝါးနဲ့အစားအသောက်တွေအပြင် စောင်၊ ပုခက်စတာတွေလည်း လိုအပ်နေတယ်လို့ လေးကေကော်လူငယ်ကွန်ယက်က ထုတ်ပြန်ထားပါတယ်။

နှစ်လကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတဲ့ လေးကေကော်ဒေသခံ စစ်ရှောင်ပြည်သူတွေဟာ နယ်မြေအခြေအနေတွေကြောင့် လက်ရှိအချိန်ထိ နေရပ်ကိုမပြန်နိုင်သေးပဲ ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...