ဖလမ်း-ဟားခါးလမ်းပေါ်က Dokthek ကျေးရွာကို စစ်ကောင်စီတပ်က မီးတင်ရှို့

ဖလမ်း-ဟားခါးလမ်းပေါ်က Dokthek ကျေးရွာကို စစ်ကောင်စီတပ်က မီးတင်ရှို့

ချင်းပြည်နယ် ဖလမ်းမြို့ကနေ ဟားခါးမြို့ကို စစ်ကား ၂၀ ကျော်နဲ့ စစ်ကြောင်းချီလာတဲ့ စစ်ကောင်စီတပ်ဖွဲ့က Dokthek ကျေးရွာက နေအိမ်တွေကို ယနေ့ညနေပိုင်းက မီးတင်ရှို့ခဲ့ကြတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်နှင့် ချင်းအမျိုး သားတပ်မတော်(CNA)၊ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ဟာ ယနေ့နံနက်ပိုင်းက ဖလမ်း-ဟားခါးလမ်းပေါ်က Ramthlo နဲ့ Dokthek ကျေးရွာအကြားမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြပြီး ညနေပိုင်းမှာ Dokthek ကျေးရွာက နေအိမ်တွေကို စစ်ကောင်စီက မီးရှို့ခဲ့တာလို့သိရပါတယ်။

အဲဒီမီးလောင်မှုကြောင့် လူနေအိမ်ခြေဘယ်လောက်လောင်ကျွမ်းပျက်စီးသွားတယ်ဆိုတာတော့ မသိရသေးပါဘူး။

စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ မတ်လ ၁ ရက်နေ့ကစပြီး ဖလမ်းမြို့နယ် Taal ကျေးရွာမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယနေ့မတ်လ ၂ ရက်နေ့မှာလည်းဆက်လက်ဖြစ်ပွားကာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...