ဖလမ်း-ဟားခါးလမ်းပေါ်က Dokthek ကျေးရွာကို စစ်ကောင်စီတပ်က မီးတင်ရှို့

ဖလမ်း-ဟားခါးလမ်းပေါ်က Dokthek ကျေးရွာကို စစ်ကောင်စီတပ်က မီးတင်ရှို့

ချင်းပြည်နယ် ဖလမ်းမြို့ကနေ ဟားခါးမြို့ကို စစ်ကား ၂၀ ကျော်နဲ့ စစ်ကြောင်းချီလာတဲ့ စစ်ကောင်စီတပ်ဖွဲ့က Dokthek ကျေးရွာက နေအိမ်တွေကို ယနေ့ညနေပိုင်းက မီးတင်ရှို့ခဲ့ကြတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်နှင့် ချင်းအမျိုး သားတပ်မတော်(CNA)၊ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ဟာ ယနေ့နံနက်ပိုင်းက ဖလမ်း-ဟားခါးလမ်းပေါ်က Ramthlo နဲ့ Dokthek ကျေးရွာအကြားမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြပြီး ညနေပိုင်းမှာ Dokthek ကျေးရွာက နေအိမ်တွေကို စစ်ကောင်စီက မီးရှို့ခဲ့တာလို့သိရပါတယ်။

အဲဒီမီးလောင်မှုကြောင့် လူနေအိမ်ခြေဘယ်လောက်လောင်ကျွမ်းပျက်စီးသွားတယ်ဆိုတာတော့ မသိရသေးပါဘူး။

စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ မတ်လ ၁ ရက်နေ့ကစပြီး ဖလမ်းမြို့နယ် Taal ကျေးရွာမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယနေ့မတ်လ ၂ ရက်နေ့မှာလည်းဆက်လက်ဖြစ်ပွားကာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။

Most read this week

February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...