လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမှုပြန်လည် ရင်ဆိုင်နေရ

လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမှုပြန်လည် ရင်ဆိုင်နေရ

မွန်ပြည်နယ်မှာ ဖမ်းဆီးအမိန့်ချခံရပြီးနောက် ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီဘက်က ပြင်ဆင်မှု ထပ်တက်တာကြောင့် အမှုပြန်လည် ရင်ဆိုင်နေရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီရဲ့ တရားစွဲ အဖွဲ့အစည်းတွေဖြစ်တဲ့ ရဲနဲ့ အုပ်ချုပ်ရေးဘက်က မြို့နယ် တရားရုံးကနေ ချမှတ်တဲ့ ထောင်ဒဏ်တွေ နည်းတယ်ဆိုပြီး ခရိုင်တရားရုံးကို အယူခံ ပြင်ဆင်မှု ထပ်တက်လာတာ ဖြစ်ပါတယ်။

ပြင်ဆင်မှု ထပ်တက်ခံရတဲ့သူတွေထဲမှာ အမှုရင်ဆိုင်ရင် စွဲချက်တင် အဆင့်မှာ လွတ်မြောက်လာသူတွေ၊ ထောင်ဒဏ် ၆ လကျခံပြီးမှ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား အများစု ပါဝင်နေတယ်လို့ တရားရုံးနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

အမှုပြန်လည် ရင်ဆိုင်ရတဲ့သူတွေဟာ စစ်တပ် အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်တာကြောင့် ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅(က)နဲ့ အမိန့်ချမှတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား အများဆုံးပါဝင်နေတာ ဖြစ်ပြီး အားလုံးနီးပါကတော့ နေအိမ်တွေကနေ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က အယူခံ ပြင်ဆင်မှုတွေ ထပ်တက် တာကြောင့် ပြင်ဆင်မှု ပွင့်သွားရင် ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဒဏ် ထပ်မံချမှတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ်က အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့ နိုင်ငံရေး လှုပ်ရှားသူ (၅၀၀)ကျော်ကို ဖမ်းဆီးခံရပြီး အဲဒီထဲမှာတော့ အာဆီယံဖိအားကြောင့် ၂၀၀ ကျော် ပြန်လည် လွတ်မြောက်ထားပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...