စစ်ဖက်ဆိုင်ရာ အမှုအခင်းတွေကို တိုင်ကြားနိုင်တယ်လို့ NUG ထုတ်ပြန်

စစ်ဖက်ဆိုင်ရာ အမှုအခင်းတွေကို တိုင်ကြားနိုင်တယ်လို့ NUG ထုတ်ပြန်

စစ်ဖက်ဆိုင်ရာ အမှုအခင်းတွေ ပေါ်ပေါက်လာရင် တိုင်ကြားနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနဟာ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ပေါ်ပေါက်လာတဲ့ စစ်ဖက်ဆိုင်ရာ အမှုအခင်းတွေ စုံစမ်းစစ်ဆေးဖို့၊ နစ်နာသူတွေ တရားမျှတမှုရှိစေဖို့နဲ့ ဥပဒေစိုးမိုးရေး ဖော်ဆောင်နိုင်ဖို့အတွက် စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင်ကို ဖွဲ့စည်းထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

အဲဒီကော်မရှင်အနေနဲ့ အခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ CDM တရားရေးဝန်ထမ်းတွေ၊ ဥပဒေကျွမ်းကျင်ပညာရှင်တွေနဲ့ တိုးချဲ့ဖွဲ့စည်းပြီး တိုင်ကြားလာတဲ့ အမှုအခင်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အမှုအခင်းဖြစ်ပွားတဲ့ ဒေသတွေမှာလည်း လိုအပ်ရင် ခရိုင်အဆင့် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း တာဝန်ပေးအပ်သွားမှာ ဖြစ်ပြီး၊ ပြစ်မှုကျူးလွန်သူတွေကို စစ်ဖက်တရားစီရင်မှုစနစ်အပြင် အရပ်ဖက် တရားစီရင်မှုစနစ်တွေအရပါ အရေးယူသွားမယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ထားဝယ်ခရိုင် ဒီမိုကရေစီ လှုပ်ရှားမှု သပိတ်ကော်မတီက တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊လိပ်ကြယ်ပြောင်ကျေးရွာနေ ဦးဖေလွင်ကို ဒလန်လို့ စွပ်စွဲပြီး သတ်ဖြတ်မှုအပေါ် တရားမျှတ ရရှိတဲ့အထိ တာဝန်ယူ ဖြေရှင်းပေးဖို့ NUG အစိုးရထံ တောင်ဆိုးထားတာပါ။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...