ကူးစက်မှုထပ်မံတွေ့လာ၍ KNU ကျန်းမာရေးဌာနက ကိုဗစ်စည်းမျဉ်းများ ပြန်လည်တင်းကြပ်

ကူးစက်မှုထပ်မံတွေ့လာ၍ KNU ကျန်းမာရေးဌာနက ကိုဗစ်စည်းမျဉ်းများ ပြန်လည်တင်းကြပ်

ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေဒေသများတွင် အိုမီခရွန် ကူးစက်ခံရမှုမြှင့်တက် လာ၍ နယ်မြေအတွင်း ဝင်ထွက်သွားလာမှုဆိုင်ရာ ကိုဗစ်စည်းမျဉ်းများကို ပြန်လည်တင်းကြပ်မှုများ လုပ်ဆောင်နေကြောင်း KNU ၏ ကယ်ဆယ်ရေးနှင့် ကျန်းမာရေးဌာန-KDHW မှ တာဝန်ရှိသူများက ပြောသည်။

ကမ္ဘာတစ်ဝှမ်း ကိုဗစ် စတုတ္ထလှိုင်းဖြစ်သော အိုမီခရွန် (Omicron) ကူးစက်မှု မြှင့်မားလာနေသလို မြန်မာ နိုင်ငံတွင်လည်း ကူးစက်ခံရမှု မြှင့်တက်လာခြင်းကြောင့် ယခင်ချမှတ်ထားသည့် ကိုဗစ်စည်းမျဉ်း၊ စည်းကမ်းများကို ပြန်လည် မွမ်းမံ၍ ကေအဲန်ယူ ထိန်းချုပ်နယ်မြေ၏ ခရိုင်၊ မြို့နယ်အလိုက် လိုက်နာရမည့် စည်းမျဉ်းများကို ပြန်လည်တင်းကြပ်ရခြင်းဖြစ်ကြောင်း KDHW ဌာနမှူး ပဒိုစောဒိုင်းမွန်းခင်က ယခုလိုပြောသည်။

၎င်းက “အခုဖြစ်တာက အတော်လေး မြန်တယ်။ အဲ့တော့ ကျနော်တို့က စည်းမျဉ်းတွေ ချမှတ် ထားတယ်။ တစ်ယောက်ယောက်က Risk area ကနေ လာတယ်ဆိုရင် test စစ်ရမယ်။ ကိုဗစ် Pandemic က ခရိုင်၊ မြို့နယ် အလိုက်ရှိနေတော့ ခရိုင် မြို့နယ်အလိုက်တာဝန်ယူနိုင်ဖို့ ကိုဗစ်စည်းမျဉ်းတွေကို ချမှတ်ပေးထားတယ်။ စည်းမျဉ်း အတိုင်းသွားရမှာဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ကိုဗစ်ကူးစက်ခံရမှုများကို ကိုယ်တိုင် စစ်ဆေးမှုများ ပြုလုပ်နိုင်သလို လတ်တလော နယ်မြေအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကူးစက်ခံရမှု အခြေအနေများကို စနစ်တကျ ကောက်ယူနိုင်ခြင်းမရှိသော်လည်း ကူးစက်ခံရသူ အတော်များများ တွေ့နေရကြောင်းနှင့် သေဆုံးမှု မတွေ့ရကြောင်း ပဒိုစောဒိုင်းမွန်းခင်က ဆက်ပြောသည်။

လက်ရှိ KNU တပ်မဟာ(၇) နယ်မြေ၊ ဖားအံခရိုင်အတွင်း ကိုဗစ်ကူးစက်ခံရမှုများလာသည့်အပေါ် ဝင်ထွက် သွားလာမှု တပတ်ကန့်သတ် ပိတ်ပင်ထားပြီး လက်ရှိ ကွင်းဆင်းဆောင်ရွက်ရန် ခက်ခဲနေချိန်တွင် ဗဟို၊ ခရိုင်၊ မြို့နယ်အဆင့်အလိုက် ထုတ်ပြန်ထားသည့် ကိုဗစ်စည်းမျဉ်း၊ စည်းကမ်းများကို ပြန်လည်ပြင်ဆင်ထုတ်ပြန်ရန်နှင့် ပေးပို့ထားသည့် ကိုဗစ်ပိုးစစ်ဆေးမှုပစ္စည်း ကိရိယာများကိုလည်း လိုအပ်သလို သုံးစွဲခွင့်ပေးထားကြောင်း KDHW က ဆိုသည်။

အလားတူ ကေအဲန်ယူ-ဒူးပလာယာခရိုင်ရှိ လေးကေ့ကော်ဒေသ စစ်ဘေးရှောင် ပြည်သူများတွင်လည်း အိုမီခရွန် ကူးစက်ခံရမှု မြှင့်တက်နေပြီး ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အယောက် (၅၀) ကျော်တွေ့ စစ်ဆေးရှိထားကာ လက်ရှိတွင် အိုမီခရွန် သံသယလူနာများကို စောင့်ကြည့်ကုသရန် ကွာရတင်းစင်တာ ဆောက်လုပ်ပြင်ဆင်ပေး ထားကြောင်း သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...