ပူတာအို-မြစ်ကြီးနားလမ်းပိုင်း KIA ပြန်ဖွင့်မည်ဆိုသော်လည်း ခရီးသည် တင်ခွင့်မပြု

ပူတာအို-မြစ်ကြီးနားလမ်းပိုင်း KIA ပြန်ဖွင့်မည်ဆိုသော်လည်း ခရီးသည် တင်ခွင့်မပြု

ကချင်ပြည်နယ် မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းကို မတ်လ ၂ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပြန်လည်ဖွင့်လှစ်မည်ဖြစ်သော်လည်း ခရီးသည်တင်ခွင့်ပြုမည်မဟုတ်သေးကြောင်း သိရသည်။

ပူတာအို-မြစ်ကြီးနားလမ်းပိုင်းတွင် ဖေဖော်ဝါရီလ ဆန်းပိုင်းမှစတင်ကာ KIA၊ PDFနှင့်စစ်ကောင်စီတပ်ဖွဲ့တို့ကြား စစ်ရေးပိုမိုတင်းမာလာပြီး တိုက်ပွဲပြင်းထန်လာနိုင်သောကြောင့် ယင်းလမ်းပိုင်းကို KIAနှင့် PDF တို့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိယာယီပိတ်ထားခဲ့ရာ မတ်လ ၂ နေ့တွင်ပြန်လည်ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်ပြီး စားသုံးကုန်နှင့် လူသုံးကုန်များသာ တင်ခွင့်ပေးမည်ဖြစ်ကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

”မတ်လ ၂ ရက်နေ့စဖွင့်ပေးမယ်လို့သိရတယ်ဗျ။ ကုန်ကားတွေပေါ့ ကုန်ကားတွေပဲ သွားလာခွင့်ပေးမယ်တဲ့ခရီးသည်တွေတော့ တင်ခွင့်မရဘူးတဲ့။ပူတာအိုမှာစားသောက် ကုန်တွေပြတ်လပ်နေတဲ့အတွက် ကုန်ကားတွေပဲသွားခွင့်ပြုမယ်လို့သိရတယ်”ဟု ပူတာအိုမြစ်ကြီးနား လမ်းပိုင်းတွင်မောင်းနှင်နေသည့် ကားဆရာတစ်ဦးကပြောသည်။

ယခုကဲ့သို့လမ်းပိတ်ထားသည့်အတွက်ပူတာအိုဒေသဘက်တွင် မြစ်ကြီးနားမှ မှာယူတင်သွင်းသည့် စားသောက်ကုန် မွေးမြူရေးကြက်၊ ဝက်၊ ဆား၊ ဆီ၊ ဆန်အစရှိသည့်စားသောက်ကုန်များ ပြတ်လပ်မှုများဖြစ်နေပြီးစျေးနှုန်းမြင့်တက်နေကြောင်းလည်းသိရသည်။

”လမ်းကတော့ဖွင့်ပေးရမှာပဲ ဘာလို့ဆိုဒီဘက်မှာမြစ်ကြီးနားဘက်ကယူရတဲ့ပစ္စည်းတွေကပြတ်လပ်နေပြီး လက်ကျန်ရှိတဲ့ဆိုင်တွေကလည်းစျေးတွေတက်နေတာ အဆင်မပြေဘူး လမ်းပိတ်သွားတော့ အရင်က ငွေတိုးလေးသောင်းက အခု ငါးသောင်းကျော် ခြောက်သောင်းနီးပါးရှိတယ် ချင်းရှည်ကလည်းအရင်က သုံးသောင်းကျော်ရှိတာ အခုလေးသောင်းကျော်ငါးသောင်းနီးပါးရှိနေတယ်”ဟု ကောင်ကထောင်ရပ်ကွက်မှအမျိုးသမီးတစ်ဦးကပြောသည်။

အလားတူယခုတလော၌ ပူတာအိုဒေသတွင် စက်သုံးဆီတင်ပို့ခွင့်ပိတ်ထားသောကြောင့် စက်သုံးဆီပြတ်လပ်မှုများဖြစ်ပွားနေပြီး ဆီလက်ကျန်ရောင်းချသူများက ဓာတ်ဆီတစ်ပုလင်းကို လေးထောင်မှ ကျပ်ရှစ်ထောင်အထိပေးဝယ်နေရပြီး ပူတာအိုမြို့နဲ့အလှမ်းဝေးသည့်ကျေးရွာများတွင် တစ်ပုလင်းကျပ်တစ်သောင်းအထိရှိကြောင်းလည်းသိရသည်။

September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...
စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...