ရုရှား- ယူကရိန်း စစ်ပွဲ ဂယက်ကြောင့် စက်သုံးဆီ ဈေးနှုန်း ထပ်မံ မြင့်တက်လာ

ရုရှား- ယူကရိန်း စစ်ပွဲ ဂယက်ကြောင့် စက်သုံးဆီ ဈေးနှုန်း ထပ်မံ မြင့်တက်လာ

ရုရှား-ယူကရိန်း နှစ်နိုင်ငံ စစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေး အနည်းငယ် မြင့်တက်လာမှုနဲ့အတူ ပြည်တွင်း စက်သုံးဆီဈေးကွက်မှာလည်း ဈေးနှုန်း ဆက်တိုက် မြင့်တက်လာတယ်လို့ စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ ရုရှား-ယူကရိန်း စစ်ပွဲမစခင်က တစ်လီတာကို ကျပ် ၁၈၀၀ ဝန်းကျင်မှာသာ ရှိခဲ့ရာမှ စစ်ပွဲဖြစ်လာတဲ့အခါ တစ်လီတာကို ကျပ် ၁၉၀၀ ကျော်ထိ ဈေးနှုန်းမြင့်တက်လာတာပါ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“လက်ရှိ ကျွန်တော်တို့ ပြီးခဲ့တဲ့ ရက်က တက်သွားတဲ့ ချိန်မှာ ကမ္ဘာ့ဈေးက (၉၇)လောက် ဖြစ်သွား တာပေါ့နော်၊ အခု ကမ္ဘာ့ဈေး (၉၃)လောက် ပြန်ဖြစ်တဲ့ အချိန်မှာ မြန်မာ့ဈေးက နဂိုအတိုင်းပဲ ပြောင်းလဲမှု မရှိသေးဘူး၊ အမှန်တကယ် ပြန်ကျရမှာပေါ့ သူလည်း၊ ဆီက ဈေးတွေကသာ မြင့်တက်နေတာ ရောင်းချမှု အပိုင်းတွေကတော့ ဒီလောက်ကြီး မဟုတ်ဘူး ဈေးမြင့်သွားတဲ့ အပေါ်မှာလေ၊ ဈေးတန်းသာ မြင့်နေတာ ရောင်းဝယ်ရေးတွေက တန့်သွားတာပေါ့၊ လူတွေကလည်း ဒီအမြင့်တန်းမှာ အဝယ် ပိုင်းတွေကလည်း လိုအပ်သလောက်ပဲ ဝယ်တယ်ပေါ့နော်”လို့ ဆိုပါတယ်။

ကမ္ဘာ့ရေနံဈေးဟာ ရုရှား-ယူကရိန်း နှစ်နိုင်ငံ စစ်ပွဲကြောင့် နေ့စဉ်နဲ့အမျှ ဈေးနှုန်း ပြောင်းလဲဖြစ်ပေါ်နေပါတယ်။

လက်ရှိမှာတော့ ပြည်တွင်းမှာ စက်သုံးဆီဈေးနှုန်းတွေ ဆက်လက် မြင့်တက်နေတာကြောင့် သုံးစွဲသူတွေ အခက်တွေ့နေကြပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...