စစ်တွေမြို့နယ်ရှိ မြန်မာ့မီးရထားပိုင်ဧရိယာအတွင်း နေထိုင်သူအချို့ကို ၅ ရက်အတွင်းဖယ်ပေးရန် သတိပေးထားစာပို့

စစ်တွေမြို့နယ်ရှိ မြန်မာ့မီးရထားပိုင်ဧရိယာအတွင်း နေထိုင်သူအချို့ကို ၅ ရက်အတွင်းဖယ်ပေးရန် သတိပေးထားစာပို့

စစ်တွေမြို့နယ်ရှိ မြန်မာ့မီးရထားပိုင်ဧရိယာအတွင်း နေထိုင်သူအချို့ကို ၅ ရက်အတွင်း ယင်းနေရာမှဖယ်ပေးရန် မြန်မာ့မီးရထား၊ တိုင်းအမှတ်(၇)၊ တိုင်းခွဲ၊ စစ်တွေမှ သတိပေးစာပေးပို့ထားကြောင်း သိရသည်။

စစ်တွေမြို့နယ်ရှိ စစ်တွေဘူတာအနီးတစ်ဝိုက်တွင်နေထိုင်သူများနှင့် စစ်တွေဘူတာနှင့် စစ်တွေတက္ကသိုလ်ဘူတာအကြား နေထိုင်သူများကို ၅ ရက်အတွင်း နေထိုင်ရာနေရာမှဖယ်ပေးရန်အတွက် ဖေဖော်ဝါရီ ၂၄ ရက်နေ့က သတိပေးစာလာရောက်ပေးပို့ခဲ့သည်ဟု အဆိုပါနေရာတွင်နေထိုင်နေသူများကပြောသည်။

“မနေ့က ရဲသုံးယောက်၊ ပြီးတော့ ရပ်ကွက်လူကြီးတွေလာပြီး စာပေးသွားတယ်။ သူတို့စာထဲမှာပါတဲ့အတိုင်းဆိုရင် ချက်ချင်းဖယ်ပေးရမယ်လို့ဆိုတယ်။ ဒီနေရာကို ကျွန်မတို့နေလာတာ သုံးနှစ်နီးပါးရှိနေပြီ။ ချက်ချင်းကြီးဖယ်ပေးရမယ်ဆိုတော့ ဘယ်အနားမှာသွားနေရမှန်းမသိတော့ဘူး”ဟု အဆိုပါနေရာတွင်နေထိုင်သည့် မသန်းနုက DMG သို့ပြောသည်။

အဆိုပါနေရာတွင်နေထိုင်သူအချို့မှာ မြေနေရာကိုငွေကြေးပေးကာ ဝယ်ယူထားရခြင်းဖြစ်သဖြင့် လက်ရှိတွင်ဖယ်ရှားခံရမည့်အပေါ် စိုးရိမ်နေကြသည်။

အငြိမ်းစားဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါ်လှယဉ်စိန်က “အရင်တုန်းက ဒီမှာငှားနေတာ တစ်လငါးသောင်းပေးရတယ်။ နောက်တော့ သေရင်ခေါင်းချမယ့်နေရာလေးရှိအောင်ဆိုပြီး ရှိတဲ့ပင်စင်စာအုပ်လေးကိုပေါင်ပြီး ဒီနေရာလေးကိုဝယ်လိုက်တာ။ အခုဖယ်ပေးရမယ်ဆိုတော့ ဘာလုပ်လို့လုပ်ရမယ်မှန်းမသိတော့ပါဘူး”ဟု ၎င်းကပြောသည်။

မြန်မာ့မီးရထားပိုင်ဧရိယာအတွင်း နေထိုင်သူများအနေဖြင့် သတ်မှတ်ရက်အတွင်း ထွက်ခွာသွားခြင်းမရှိပါက အနိုင်အထက်ပြုမှုဖြင့် ဖယ်ရှားခြင်းခံရမည်ဖြစ်ကြောင်းလည်း သတိပေးစာတွင်ပါရှိသည်။

ထိုသို့သတိပေးစာပေးပို့ရာတွင် မီးရထားလမ်းတစ်လျှောက်ရှိ နေထိုင်သူများအားလုံးကိုဖယ်ရှားရန် သတိပေးထားခြင်းမဟုတ်ပဲ နေရာအချို့ကိုသာ ဖယ်ရှားခိုင်းခြင်းဖြစ်သဖြင့် မျှတမှုမရှိကြောင်း ဖယ်ရှားခံရမည့်သူများက ဝေဖန်ကြသည်။

အဆိုပါမီးရထားလမ်းအနီးတစ်လျှောက်ရှိ မြေနေရာများကို ကျူးကျော်ကာ အဆင့်ဆင့်ရောင်းချမှုများကြောင့် အချို့မှာလည်း ၎င်းနေရာတွင် မြေများဝယ်ယူထားကြသည်။

လက်ရှိတွင် နေအိမ်များဖယ်ရှားပေးရမည့် အိမ်ထောင်စု ၁၀၀ ကျော်ခန့်ရှိကြောင်းနှင့် အများစုမှာ ကျေးလက်ဒေသမှ စစ်တွေမြို့သို့ လာရောက်အလုပ်လုပ်ကိုင်ကြရသူများဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြည်တော်သာ-ရေချမ်းပြင် ရထားလမ်းပိုင်းကို ပြန်လည်ပြေးဆွဲရန်ပြင်ဆင်နေပြီး ရထားလမ်းအနီးတစ်ဝိုက်ရှိ ကျူးကျော်များကို ရှင်းလင်းသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီမှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်က DMG သို့ပြောထားသည်။

Most read this week

ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...
August 6, 2026
ဘဏ်လုပ်ငန်းများ ရပ်တန့်နေသည့် ရခိုင်ပြည်အတွင်းရှိ မြို့နယ်များတွင် အွန်လိုင်းမှတစ်ဆင့် ငွေကြေး...
(CINCDS) မတ်လ ၁၃ ရက်နေ့က တွေ့ရသည့် မိတ္ထီလာလေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်များ
August 5, 2026
ရခိုင်ပြည်နှင့် နယ်စပ်ဒေသ မြေပြင်တိုက်ပွဲများတွင် အကျအဆုံးများပြားနေသည့် စစ်တပ်သည် ရခိုင်ဒေသဘက်...