အာဏာသိမ်း တစ်နှစ်ကျော်အတွင်း လူငယ်တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပညာသင်ယူခွင့်ကအစ ဆုတ်ယုတ်လာ

အာဏာသိမ်း တစ်နှစ်ကျော်အတွင်း လူငယ်တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပညာသင်ယူခွင့်ကအစ ဆုတ်ယုတ်လာ

မွန်ပြည်နယ်အတွင်းမှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း လူငယ်တွေရဲ့ အလုပ်ကိုင် အခွင့်အလမ်းနဲ့ ပညာသင်ယူခွင့်ကအစ ပိုမို ဆုတ်ယုတ်လာပြီး အခွင့်အရေး ရရှိမှု မရှိသလောက် နည်းပါလားတယ်လို့ လူငယ်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

လူငယ်တွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်တွင်း၊ပြည်ပက စီးပွားရေးလုပ်ငန်းတွေ ရပ်နားလာတာကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရသလို ပညာရေးမှာ တစ်ပိုင်းတစ်ဆနဲ့ ရပ်တန့်ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ လူငယ် အများစုဟာ မိသားစုစားဝတ်နေရေး အခက်အခဲကို ကြုံရာကျဘန်း လုပ်ပြီး ဖြေရှင်းနေကြ ရပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး လူငယ်အရေးဆောင်ရွက်နေသူ တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“ အဓိက ပြသနာက ဘာလည်းဆိုတော့ ဒီဗဟိုချုပ်ကိုင်မှု အရမ်းကြီးတဲ့ ဆိုးကျိုးအရမ်းများတဲ့ ဒီအာဏာသိမ်း ဖြစ်စဉ်တလျှောက်လုံးက ဒါကို ဆုတ်ယုတ်စေတာလို့ပဲ ပြောချင်တာပေါ့နော်၊ ဘာကြောင့်လည်း ဆိုရင် အဘက်ဘက်ကနေ ပိတ်ဆို့တာတွေ ရှိလာတယ်၊ နိုင်ငံအတွင်းမှာ ရှိတဲ့ ဒေသတွင်း စီးပွားရေး လုပ်ငန်းတွေရော နိုင်ငံခြားကနေ လာပြီးတော့ ရင်းနှီးမြုပ်နှံတဲ့ စီးပွားရေး လုပ်ငန်းတွေက အစ တချို့ဆိုရင် ပိတ်လိုက်ရတယ် တချို့ဆိုရင် ရပ်ဆိုင်းတယ် တချို့ဆိုရင် ရောင်းချလိုက်ရတဲ့ ပုံစံမျိုးတွေကြောင့် အလုပ်အကိုင် အခွင့်အလမ်းရော တခြားအခွင့်အရေးတွေ အားလုံးက ဘယ်လိုပြောမလည်း မရှိသလောက်ကို နည်းသွားပြီးပေါ့” လို့ ဆိုပါတယ်။

ဒါကြောင့် ဒီပုံစံအတိုင်း ဆက်လက်ရင်ဆိုင်နေရမယ်ဆိုရင် လူငယ်အများစုဟာ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်သွားမယ့် အခြေအနေထိ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

တဖက်မှာတော့ လူငယ်တွေဟာ အွန်လိုင်းကနေ  ပညာသင်ယူဖို့အတွက်ကလည်း စစ်ကောင်စီက အင်တာနက် ဒေတာခတွေ တိုးကောက်လာတာနဲ့ မကြာခဏဆိုသလို အင်တာနက် ဖြတ်တောက်မှုတွေ လုပ်ဆောင်နေတဲ့အတွက်ကြောင့် ပညာသင်ယူခွင့် ဆုံးရှုံးနေကြရပါတယ်။

မွန်ပြည်နယ်မှာတော့ အသက်(၁၈)နှစ်ပြည့်ပြီး  လူငယ် တစ်သိန်းခွဲ ကျော် ရှိတယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲ ဆိုင်ရာ အချက်အလက်တွေ အရ သိရပါတယ်။

May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...