အပစ်ရပ်(၁၀)ဖွဲ့ရဲ့ ညီလာခံ ကျင်းပမယ့်ရက် အတည်ပြုနိုင်ဟု PPST ထုတ်ပြန်

အပစ်ရပ်(၁၀)ဖွဲ့ရဲ့ ညီလာခံ ကျင်းပမယ့်ရက် အတည်ပြုနိုင်ဟု PPST ထုတ်ပြန်

တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စတုတ္တကြိမ် ညီလာခံ ဒုတိယပိုင်း ကျင်းပမယ့်ရက်ကို အတည်ပြုနိုင်ခဲ့တယ်လို့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ထုတ်ပြန်ပါတယ်။

အပစ်ရပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ဖေဖော်ဝါရီ ၂၂ ရက်နဲ့ ၂၃ ရက်မှာ Video Conference နဲ့ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အစည်းအဝေး နိဂုံးချုပ်မိန့်ခွန်းအနေနဲ့ PPST ရဲ့ ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက အပစ်ရပ်အဖွဲ့တွေရဲ့ ညီလာခံကျင်းပမယ့်ရက် အတည်ပြုနိုင်ခဲ့ခြင်းနဲ့အတူ ညီလာခံမတိုင်ခင် အပြီးလုပ်ရမယ့် PPST အကြံပေး ဦးဟန်ယောင်ဟွေရဲ့ ဦးစီးဆောင်ရွက်နေတဲ့ PPST ရဲ့ နိုင်ငံရေးရပ်တည်ချက် (၇) ရပ်ကို အခြေခံပြီး လမ်းပြမြေပုံ အချောသတ်ရေးအတွက် အရေးကြီးတဲ့ အလုပ်ရုံဆွေးနွေးပွဲ နေ့ရက်ကိုလည်း သတ်မှတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် PPST စုဖွဲ့မှုပုံစံသစ် ဖြစ်ပေါ်လာနိုင်ရေးအတွက် အဆုံးဖြတ်ပေးမယ့် စတုတ္တကြိမ် ညီလာခံ ဒုတိယပိုင်း ပြီးမြောက်ရေး အတူတကွ ဝိုင်းဝန်းလုပ်ဆောင်ပေးကြပါလို့ နိဂုံးချုပ်မိန့်ခွန်းမှာ နိုင်အောင်မင်းက တိုက်တွန်းထားပါတယ်။

နှစ်ရက်တာ အစည်းအဝေးမှာ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသီးသီးရဲ့ အမြင်သဘောထားတွေ ဆွေးနွေးတင်ပြတာနဲ့ ရှေ့လုပ်ငန်းစဉ်တွေအတွက် အကြုံပြုတာတွေကို ဝိုင်းသုံးသပ်ပေးကြလို့ ရှေ့ဆက်သွားမယ့် PPST ရဲ့ နိုင်ငံရေးလမ်းကြောင်းအတွက် များစွာ အထောက်အကူဖြစ်စေတယ်လို့ PPST က ထုတ်ပြန်ထားပါတယ်။

အပစ်ရပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် (၁၀)ဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်များ ညီလာခံ(ပထမပိုင်း) အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ၂၀၁၉ ခုနှစ်၊ မေလ ဒုတိယအပတ်စကပြီး ၅ ရက်တာ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...