မီဇိုရမ်တွင် အိုမီခရွန် ကူးစက်ခံရသူ ၆၂ ဦး တွေ့ရှိ

မီဇိုရမ်တွင် အိုမီခရွန် ကူးစက်ခံရသူ ၆၂ ဦး တွေ့ရှိ

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွန် (Omicron) ဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၂ ဦး စတင်တွေ့ရှိကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြောဆိုခွင့်ရှိသူ Lalmalsawma Pachuau က မီဇိုရမ်တွင် ကိုဗစ်ရော ဂါပိုး ကူးစက်ခံသူထဲမှာ အိုမီခရွန် ပိုင်းရပ်စ်ရောဂါပိုးရှိမရှိ ဆေးစစ်ချက် ရလဒ် ၁၂၂ ခုထွက်လာသည့်အနက် ၆၂ ဦးမှာ အိုမီခရွန်ပိုင်းရပ်စ်ရောဂါပိုးကူးစက်ခံထားရသည်ဟုပြောဆိုခဲ့သည်။

အဆိုပါ အိုမီခရွန်ပိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ ၆၂ ဦးစလုံးမှာ မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ်က ဖြစ်ကြသည်ဟု The Aizawl Post သတင်းစာတွင် ဖော်ပြသည်။

မီဇိုရမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိသည့်အချိန်ကစပြီး ယနေ့လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူ ၁၉၉၀၁၉ ဦးရှိပြီး၊ သက်သာပျောက်ကင်းသူဦးရေ ၁၈၆၅၀၄ ဦးရှိသည်။ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ကုသဆဲလူနာ ၁၁၈၇၈ ဦးရှိပြီး ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၆၃၇ ဦးရှိနေပြီဖြစ်သည်။

မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားနောက်ပြီး မြန်မာနိုင်ငံသားအများစု သွားရောက်ခိုလုံ နေသည့်ပြည်နယ်တစ်ခုဖြစ်ပြီး ယခုလက်ရှိတွင် စစ်ဘေးရှောင်ပြည်သူ ၄ သောင်းနီးပါးခန့်ရှိနေပြီဖြစ်သည်။

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...