မီဇိုရမ်တွင် အိုမီခရွန် ကူးစက်ခံရသူ ၆၂ ဦး တွေ့ရှိ

မီဇိုရမ်တွင် အိုမီခရွန် ကူးစက်ခံရသူ ၆၂ ဦး တွေ့ရှိ

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွန် (Omicron) ဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၂ ဦး စတင်တွေ့ရှိကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြောဆိုခွင့်ရှိသူ Lalmalsawma Pachuau က မီဇိုရမ်တွင် ကိုဗစ်ရော ဂါပိုး ကူးစက်ခံသူထဲမှာ အိုမီခရွန် ပိုင်းရပ်စ်ရောဂါပိုးရှိမရှိ ဆေးစစ်ချက် ရလဒ် ၁၂၂ ခုထွက်လာသည့်အနက် ၆၂ ဦးမှာ အိုမီခရွန်ပိုင်းရပ်စ်ရောဂါပိုးကူးစက်ခံထားရသည်ဟုပြောဆိုခဲ့သည်။

အဆိုပါ အိုမီခရွန်ပိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ ၆၂ ဦးစလုံးမှာ မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ်က ဖြစ်ကြသည်ဟု The Aizawl Post သတင်းစာတွင် ဖော်ပြသည်။

မီဇိုရမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိသည့်အချိန်ကစပြီး ယနေ့လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူ ၁၉၉၀၁၉ ဦးရှိပြီး၊ သက်သာပျောက်ကင်းသူဦးရေ ၁၈၆၅၀၄ ဦးရှိသည်။ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ကုသဆဲလူနာ ၁၁၈၇၈ ဦးရှိပြီး ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၆၃၇ ဦးရှိနေပြီဖြစ်သည်။

မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားနောက်ပြီး မြန်မာနိုင်ငံသားအများစု သွားရောက်ခိုလုံ နေသည့်ပြည်နယ်တစ်ခုဖြစ်ပြီး ယခုလက်ရှိတွင် စစ်ဘေးရှောင်ပြည်သူ ၄ သောင်းနီးပါးခန့်ရှိနေပြီဖြစ်သည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...