အနုပညာရှင်များနှင့် နိုင်ငံရေးလှုပ်ရှားသူများ၏နေအိမ်များ ချိတ်ပိတ်ခံနေရ

အနုပညာရှင်များနှင့် နိုင်ငံရေးလှုပ်ရှားသူများ၏နေအိမ်များ ချိတ်ပိတ်ခံနေရ

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသည့် အနုပညာရှင်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏နေအိမ်များကို ယခုဖေဖော်ဝါရီ လအတွင်း စစ်တပ်မှ လာရောက်ချိတ်ပိတ်မှုများရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်အာဏာရှင်ဆန်ကျင်ရေးလှုပ်ရှားသည့် အဆိုတော်နှစ်ဦးဖြစ်သူ လင်းလင်းနှင့် ချစ်သုဝေ လင်မယားနေထိုင်ခဲ့သည့် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် အောင်ဆုပန်ရပ်ကွက်၊ ရွှေအင်ကြင်းမွန်အိမ်ရာ၊ တိုက်အမှတ်(T)၊ အခန်းနံပါတ်(၆)နေအိမ်တိုက်ခန်းကို ရဲနှင့်စစ်တပ်က ပြီးခဲ့သည့်ဖေဖော်ဝါရီ(၁၇)ရက်တွင် လာရောက်ချိတ်ပိတ်ခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့ဒေသခံတစ်ဦးမှ DMG ကိုပြောသည်။

"အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေနေခဲ့တဲ့တိုက်ခန်းကို ရဲနဲ့စစ်တပ်အင်အားအနည်းငယ်နဲ့လာပြီး စာဗီနိုင်းနဲ့ချိတ်ပိတ်သွားခဲ့ပါတယ်။ အဲဒီတိုက်ခန်းမှာ လူနေမရှိတော့တာကြာပြီ"ဟု ၄င်းမှဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့က အဆိုတော်ချမ်းချမ်းနေထိုင်သည့် သန်လျင်မြို့ရှိနေအိမ်နှင့် အစီအစဉ်တင်ဆက်သူ မောင်မောင်အေးတို့၏နေအိမ်ကို ရဲနှင့်စစ်တပ်မှ လာရောက်ချိတ်ပိတ်ခဲ့သည်။

အဆိုတော်ချမ်းချမ်းမှာ သြစတြေးလျနိုင်ငံတွင် နေထိုင်နေဆဲဖြစ်ပြီး အစီအစဉ်တင်ဆက်သူ မောင်မောင်အေးဆိုသူမှာလည်း နိုင်ငံရေးပုဒ်မ-၅၀၅(က)ဖြင့် ဝရမ်းထုတ်ခံရမှုကြောင်း တိမ်းရှောင်နေရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို အမာခံအားပေးသူအဖြစ် ထင်ရှားသူ ပန်ဆယ်လိုနေထိုင်ခဲ့သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၁)ရပ်ကွက်၊ ပြည်ပန်းညိုလမ်းအတွင်းရှိနေအိမ်ကိုလည်း စစ်တပ်နှင့်ရဲအဖွဲ့မှ လာရောက်ချိတ်ပိတ်မှုရှိခဲ့သည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမင်းကိုနိုင်နေထိုင်သည့် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိနေအိမ်ကို စစ်တပ်နှင့်ရဲမှ ယမန်နေ့(ဖေဖော်ဝါရီ ၂၁ ရက်) ညနေ ၄ နာရီအချိန်တွင်လာရောက်ပြီး သတိပေးဗီနိုင်းဆွဲကာ ချိတ်ပိတ်မှုပြုလုပ်သွားခဲ့သည်။

ထိုသို့ချိတ်ပိတ်ခြင်းသည် အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ရိုးလုပ်စဉ်ဖြစ်နေကြောင်း နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ကိုရဲမှသုံးသပ်သည်။

"အခုလိုကိစ္စတွေက လုပ်ရိုးလုပ်စဉ်ဖြစ်နေပြီ။ အရင်စစ်တပ်ကအာဏာသိမ်းခဲ့တာလည်း လုပ်ခဲ့တာရှိခဲ့ပါတယ်။ အဲဒီတော့သိပ်ပြီးထူးဆန်းတာ မရှိတော့ပါဘူး"ဟု ၄င်းကဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်နေ့၌ စစ်ကောင်စီမှ နိုင်ငံရေးပုဒ်မ-၅၀၅(က)ဖြင့် ဝရမ်းအထုတ်ခံထားရသည့် ဒါရိုက်တာဝိုင်း သည်မှာလည်း နေအိမ်သို့ကျန်းမာရေးမကောင်းသဖြင့် ခေတ္တပြန်လည်နေထိုင်စဉ် စစ်တပ်နှင့်ရဲတပ်၏ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး နေအိမ်ကိုပါ ချိတ်ပိတ်သိမ်းဆည်းခံထားရသည်။

Most read this week

August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...
August 6, 2026
ဘဏ်လုပ်ငန်းများ ရပ်တန့်နေသည့် ရခိုင်ပြည်အတွင်းရှိ မြို့နယ်များတွင် အွန်လိုင်းမှတစ်ဆင့် ငွေကြေး...
(CINCDS) မတ်လ ၁၃ ရက်နေ့က တွေ့ရသည့် မိတ္ထီလာလေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်များ
August 5, 2026
ရခိုင်ပြည်နှင့် နယ်စပ်ဒေသ မြေပြင်တိုက်ပွဲများတွင် အကျအဆုံးများပြားနေသည့် စစ်တပ်သည် ရခိုင်ဒေသဘက်...
August 4, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော အမှတ် (၉) ရပ်ကွက်ကို စစ်တပ်က လေကြောင်းမှ...