မွန်ပြည်နယ်မှာ HIV ကူးစက်မှုနှုန်း မြင့်တက်လာ

မွန်ပြည်နယ်မှာ HIV ကူးစက်မှုနှုန်း မြင့်တက်လာ

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် အသိပညာပေးမှု အပါအဝင် အကာအကွယ် ပစ္စည်းနဲ့ ကုသရေးဆေးဝါးတွေ အပြည့်အဝ မထောက်ပံ့နိုင်တာကြောင့် HIV ရောဂါကူးစက်မှုနှုန်း မြင့်တက်လာတယ်လို့ HIV အရေး ကူညီနေသူတွေက ပြောပါတယ်။

ရောဂါကူးစက်ခံရသူတွေထဲမှာ လူငယ်လူရွယ်တွေ အများစု ပါဝင်နေတာ ဖြစ်ပြီး၊ ရောဂါကူးစက်ခံရမှု အခြေအနေအရ အယောက် ၁၀၀ စစ်ရင် အယောက် ၂၀ မှာ ရောဂါပိုး ကူးစက်ခံနေရတာပါ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး HIV အရေးကူညီနေသူ တစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ အခုလို ပြောပါတယ်။

“ အရင်သာမာန် အခြေအနေမျိုး ဆိုရင် HIVသမား အချင်းချင်းပဲ ဖြစ်ဖြစ် တခြားပဲ ဖြစ်ဖြစ် လူပဲလေ သာမာန်လို ကျန်းမာနေတယ် ဆိုရင်သူတို့ တူတူ နေတဲ့နေရာမှာ အကာအကွယ် သုံးရမှာလေ အဲ့ဒီ အကာအကွယ်တွေ မသုံးလာတဲ့ အတွက် ဘာဖြစ်လည်း ဆိုတော့ HIVဖြစ်ပွားမှုနှုန်း တွေက တက်လာတယ်၊ အခုဆိုရင် လူငယ်လူရွယ်လေတွေမှာ ဆိုရင်လည်း HIVဖြစ်ပွားမှုနှုန်း တွေက တက်လာတယ်၊ သူတို့ရဲ့ စိတ်ဓာတ်တွေ မကျရအောင် အကြံဉာဏ် တွေပဲ ပေးနိုင်ရတဲ့ အခြေအနေမျိုးလေးတွေ ဖြစ်ကုန်တယ်”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရောဂါပိုး ကူးစက်ခံရတဲ့ HIV ဝေဒနာရှင်တွေကို ဆေးဝါးနဲ့ ကုသရေးပိုင်း အပြည့်အဝ မလုပ်ပေးနိုင်တဲ့အတွက် စိတ်ဓာတ်မကျအောင် အကြံဉာဏ်သာပေးနေရတယ်လို့ HIV အရေး ကူညီနေသူ တစ်ဦးက ပြောပါတယ်။

HIV ဝေဒနာရှင်တွေဟာ ဆေးဝါး အလုံအလောက် မရတဲ့ အတွက် ဆေးပျက်တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရသလို ရောဂါ ပြင်းထန်သူတွေ တချို့မှာလည်း ဆေးဝါးလိုအပ် ချက်ကြောင့် မသေသင့်ဘဲ သေဆုံးမှုတွေ ရှိလာတယ်လို့ HIV အရေး ကူညီနေသူတွေက ဆိုကြပါတယ်။

မွန်ပြည်နယ်မှာတော့ HIV ရောဂါ ကူးစက်ခံရပြီး ART ဆေး သောက်သုံးနေရတဲ့ ဝေဒနာရှင် ၅၀၀၀ ကျော် ရှိနေပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...