ပါလောင်းကျေးရွာရှိ ဂေဟစနစ် စိုက်ပျိုးရေး သင်တန်းကျောင်း မီးလောင်ပျက်စီး

ပါလောင်းကျေးရွာရှိ ဂေဟစနစ် စိုက်ပျိုးရေး သင်တန်းကျောင်း မီးလောင်ပျက်စီး

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ နယ်၊ ပါလောင်းကျေးရွာက ဂေဟစနစ်စိုက်ပျိုးရေးသင်တန်းကျောင်း မီးလောင်ပျက်စီး သွားတယ်လို့ ကရင်နီပြည်ထဲရေး ဝန်ကြီး ခူးညေးရယ်က ပြောပါတယ်။

“ လောင်တဲ့ အကြောင်းအရင်းကတော့ အခုကတော့ မီးလောင်တဲ့ အချိန်ဖြစ်တယ်။ နောက်တစ်ခုက ဓာတ်တိုင်လေ အုတ်တိုင်ပေါ့။ အဲ့ဒီ လဲပြီးတော့မှ ရှော့ ဖြစ်ပြီးတော့မှ လောင်သလိုလို နောက်တစ်ချက်က မကျေနပ် မနာလို မဿမာတဲ့ လူတွေ ရှို့သလိုလို အဲ့လိုဖြစ်တယ်ပေါ့။ “

၎င်းဂေဟစနစ်စိုက်ပျိုးရေးကျောင်းက လွိုင်ကော်ကနေ ရှားတောမြို့နယ်သွားလမ်းမှာရှိပြီး ပါလောင်းကျေးရွာနဲ့ တစ်မိုင်ကျော်လောက်မှာရှိပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း သင်တန်းသားခေါ်ယူဖွင့်လှစ်ခြင်း မရှိတော့ပဲ ကျောင်းပိတ်ထားခဲ့တာဖြစ်ပါတယ်။

ကျောင်းက အဆောက်အဦးတွေ တော်တော်များများပါသွားတယ်လို့ ယခင် ကျောင်းတာဝန်ခံ ဟောင်းဖြစ်တဲ့ လီယိုဇင်က အခုလို ပြောပြပါတယ်။

“ ၂၀ရက်နေ့ နေ့လည်ပိုင်းလောက်မှာ စပြီးတော့ လောင်တယ်ပေါ့နော။ ဆိုတော့ အဲ့မှာကျနော်တို့ အဆောင်ကတော့ ၅ဆောင်ရှိတယ်။ အဲ့မှာ သင်တန်းခန်းမဆောင်ရှိတယ်။ ဝန်ထမ်းအဆောင်ရှိတယ်။ ပြီးတော့ သင်တန်းသူ၊ သင်တန်းသားတွေနေဖို့ ယောကျာ်းလေးအဆောင်၊ မိန်းကလေးအဆောင်ဆိုပြီးတော့ရှိတယ်။ ပြီးတော့ မီးဖိုဆောင်ပေါ့နော။ အားလုံးပေါင်း ၅ဆောင်ရှိတယ်။ ပြီး ကျနော်တို့ အိမ်သာကတော့ အိမ်သာက လေးလုံးခွဲထားတယ်ပေါ့နော။ ပြီး ကျနော်တို့ ဘက်ထရီနဲ့ ဆိုလာထားဖို့က တစ်ဆောင်ရှိတယ်။ ဒါပေမယ့် ကျနော်တို့ အဲ့မှာ ကျနော်တို့ သိရသလောက်ကတော့ လောင်သွားတာက အဆောင် ကြီးအားလုံး ၅ဆောင်နဲ့ အိမ်သာ နှစ်လုံးတွဲ တစ်တစ်လုံးလောင်သွားတယ်ပေါ့နော။ အဲ့တာတော့ လောင်သွားတယ်။ “

၎င်းကျောင်းဟာ ယခင် အစိုးရလက်ထက် ၂၀၁၆ခုနစ်မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကနေပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခုအနေနဲ့ ဖွင့်လှစ်ထားတဲ့ကျောင်းဖြစ်ပါတယ်။

ကျောင်းဖွင့်ပြီး ဒေသအတွင်း စိုက်ပျိုးရေးစိတ်ပါဝင်စားတဲ့ လူငယ်တွေကို အပတ်စဉ်လိုက် ခေါ်ယူပြီး အခမဲ့ သင်ကြားပေးခဲ့တဲ့ကျောင်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ပါလောင်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားမှုမရှိပေမယ့် ပြီးခဲ့တဲ့လ က စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာရှိခဲ့လို့ ဒေသခံ ရွာလုံးကျွတ် ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...