စစ်ရှောင်ပြန်လာသူတွေကို လွိုင်ကော်မြို့တွင် ကိုဗစ်စစ်ဆေးရာ (၂၅)ဦးရောဂါပိုးတွေ့ရှိ

စစ်ရှောင်ပြန်လာသူတွေကို လွိုင်ကော်မြို့တွင် ကိုဗစ်စစ်ဆေးရာ (၂၅)ဦးရောဂါပိုးတွေ့ရှိ

ဖေဖော်ဝါရီ(၁၉)ရက်နေ့က စတင်ပြီး လွိုင်ကော်အတွင်း စစ်ရှောင်ပြန်လာတဲ့ သူတွေကို ကယားဒေးကွင်း အနီးမှာ ကိုဗစ်စစ်ဆေးတာတွေ ပြုလုပ်ပေးနေပြီးတော့ (၃)ရက်အတွင်း စစ်ဆေးရာမှာ ကိုဗစ်ပိုးတွေ့ရှိသူ (၂၅)ဦးရှိတွေ့ရှိတယ်လို့ ရွှေလွိုင်ကော် ပရဟိအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အဲ့မှာ ကျနော်တို့ အရင် လွိုင်ကော်ကနေဝင်ပြီဆိုရင် ၂၅၀ စစ်တပ် ရှေ့မှာသူတို့ ကိုယ်အပူချိန်တိုင်းတာပေါ့။ကိုယ်အပူချိန် တိုင်းတယ်။ ကိုယ်အပူချိန်မြင့်တက်နေတယ် ပြီးတော့ ကိုဗစ်လက္ခာဏာရှိတဲ့လူဆိုရင် ကျနော်တို့ အဲ့ဒီ ကယားဒေးကွင်း အဝိုင်းပတ်နားက ကိုဗစ်စင်တာမှာ ပို့ပြီးတော့ swab ယူတယ်။ swab ယူပြီးမှ တကယ်လို့ negativeဆို အိမ်ပြန်ပေါ့။ positiveဆိုရင် တော့ ကိုဗစ်စင်တာကို ပို့ပေးလိုက်တာ။”

လွိုင်ကော်မြို့ထဲကို မနေ့က ပြန်ဝင်လာတဲ့ နောင်ယားရပ်ကွက်နေပြည်သူတစ်ဦးကတော့ စစ်ဆေးတဲ့နေရာမှာ ကိုဗစ်တွေ့တာတွေရှိတယ်လို့ ပြောပါတယ်။

“ ကျမတို့ ကားပေါ်မှာ ကောင်လေးတစ်ယောက် positiveပါတယ်။ အဲ့တော့ သူ့ကိုတော့ နေခဲ့ခိုင်းတယ်။ ကျမတို့ ကတော့ အိမ်ပဲ ပြန်ရတာပေါ့။ “လို့ သူက ဆိုပါတယ်။

လွိုင်ကော်မြို့တွင်းမှာ ရပ်ကွက်တချို့တွေမှာလည်း ပြည်သူတွေ ဖေဖော်ဝါရီလ ပထမပတ်လောက်မှာ ပြန်လာနေတဲ့ သူတွေရှိနေတာဖြစ်ပါတယ်။

ကိုဗစ်တွေ့ရှိတဲ့ လူနာတွေကို သူနာပြုသင်တန်းကျောင်းမှာ ကွာရာတင်းစင်တာ ထားရှိပေးထားပြီး ရောဂါအခြေအနေဆိုးတဲ့ လူနာတွေကို ဆေးရုံကြီးမှာ ကိုဗစ်ဆောင် ထားရှိပေးထားတယ်လို့ သိရပါတယ်။

ကယားပြည်နယ်မှာဆိုရင် (၃၁-၁၂-၂၀၂၁)ကနေ (၂၀-၂-၂၀၂၂)အထိ ကိုဗစ်ပိုးတွေ့ရှိသူ ၅၉၉၈ဦးရှိခဲ့ပြီး သေဆုံးသူ (၂၄၄)ဦးရှိခဲ့တယ်လို့ ကယားပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာဌေးလွင် လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မနေ့က ဖေဖော်ဝါရီ ၂၀ရက်နေ့ မှာတော့ ပိုးတွေ့သူ ၁၅ ဦးရှိပြီး လက်ရှိ လွိုင်ကော်မြို့တွင်းမှာတော့ ကိုဗစ်လူနာ (၃၃)ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ(၈)ဦး၊ တပ်မတော်ဆေးရုံမှာ (၂)ဦး၊ သူနာပြုသင်တန်းကျောင်း PMCမှာ (၂၂)ဦးနဲ့ နေအိမ်မှာသီးသန့်ထားရှိထားသူ (၁)ဦး တို့ဖြစ်တယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့ပေါ်မှာလက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေတာမရှိပေမယ့်လို့ သေနတ်သံတွေ လက်နက်ကြီးပစ်သံတွေကတော့ ပုံမှန်ကြားနေရဆဲလို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီလအတွင်းက လွိုင်ကော်မြို့ပေါ် မိုင်းလုံးရပ်ကွက်တွေဘက်မှာ တိုက်ပွဲပြင်းထန်ခဲ့လို့ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများများက တခြား တိုင်းနဲ့ပြည်နယ်ကို ရွှေ့ပြောင်းနေထိုင်ခဲ့ကြရာကနေ ဖေဖော်ဝါရီလ အတွင်း တိုက်ပွဲမဖြစ်တဲ့ ရပ်ကွက်နေပြည်သူတွေက တဖြည်းဖြည်းပြန်လာနေကြတာဖြစ်ပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...