သာကေတ ၇ စျေး မီးလောင်မှု စစ်ကောင်စီနဲ့ ဆက်စပ်နေတယ်လို့ WWS အဖွဲ့ပြော

သာကေတ ၇ စျေး မီးလောင်မှု စစ်ကောင်စီနဲ့ ဆက်စပ်နေတယ်လို့ WWS အဖွဲ့ပြော

သာကေတမြို့နယ် ၇ စျေး မီးလောင်မှုက စစ်ကောင်စီတပ်သားတွေနဲ့ ဆက်စပ်နေတယ်လို့ စစ်ကောင်စီတပ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ Wolf warriors stf အဖွဲ့က ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၉ရက်နေ့ နေ့လည် ၁၂နာရီက သာကေတမြို့နယ် မြင်တော်သာလမ်းမကြီးပေါ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီကားကို Wolf warriors stf အဖွဲ့က ဗုံးနဲ့တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတချို့  သာကေတ ၇ စျေးထဲဝင်သွားတယ်လို့ မျက်မြင်သက်သေတွေကဆိုပါတယ်။

"၇ ဈေးနားက မီတာရုံးမှာ သူတို့က တပ်စွဲထားတယ်။ ဒီဘက်မှာဆိုရင် မြို့ရဲစခန်းရှိတယ်။ ပစ်ခတ်မှု ဖြစ်တာကတော့ ကျန်းမာရေးလမ်းထိပ်မှာပါ။ အဲ့ဒီနှစ်နေရာကြားမှာ ကျွန်တော်တို့က Mission လုပ်တာပေါ့နော်။ ပစ်ခတ်မှုပြီးတော့ အဲ့ဒီမှာ ၇ ဈေးထဲကို စစ်ကောင်စီတပ်သားတွေ သက်သက်ကြီးဝင်သွားတယ်လို့ မျက်မြင်တွေ့ရတယ်ဗျ"လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ စျေးထဲဝင်သွားပြီး ခဏအကြာမှာ မီးလောင်မှုစဖြစ်ခဲ့တာပါ။ မီးဘယ်ကစလောင်တာလဲဆိုတာကိုတော့ ခုထိ မသိရသေးပါဘူး။

စစ်ကောင်စီရဲ့ အထက်လူကြီးတချို့က ပစ်ခတ်မှုတွေဖြစ်ပြီးရင် နီးရာစျေးတွေကိုမီးရှို့ဖို့ မှာထားတယ်လို့ တပ်တွင်းသတင်းပေးတွေကနေ ပြန်ပြောလာကြောင်း WW stf တာဝန်ခံက ပြောပါတယ်။

သာကေတ ၇ စျေးအနီးမှာ မီးသတ်ရုံးရှိနေပေမဲ့ မီးလာမငြိမ်းဘဲ တောင်ဒဂုံကနေ လာငြိမ်းတာက ထူးဆန်းနေတယ်လို့ WW stfက တာဝန်ခံက ဆိုပါတယ်။

" စစ်ကောင်စီတပ်သားတွေ စျေးထဲဝင်သွားပြီးခနနေတော့ မီးလောင်တယ်။ သာကေတမီးသတ်က အနီးဆုံးမှာရှိပြီးသွားမငြိမ်းဘူးဗျ။မြေပုံမှာ မီးသတ်စခန်းတည်နေရာပါ ပါတယ်။ ၅မိနစ်အတွင်းရောက်တဲ့နေရာကို တောင်ဒဂုံက ကားတွေလာငြိမ်းမှ ငြိမ်းတယ်။"လို့ ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ သာကေတဖြစ်စဥ်မှာ စစ်ကောင်စီတပ်သား ၄ဦးကျည်ထိပြီး ၂ဦးခန့်သေဆုံးနိုင်ကြောင်း WW stfက ထုတ်ပြန်ထားပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...