စစ်ကောင်စီ ယာဉ်တန်းကို တရက်တည်း ငါးကြိမ် မိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီ ယာဉ်တန်းကို တရက်တည်း ငါးကြိမ် မိုင်းဆွဲတိုက်ခိုက်

စစ်ကားအစီး ၃၀ ကျော်ပါသည့် စစ်ကောင်စီယာဉ်တန်းကို တစ်ရက်တည်း တွင် ၅ ကြိမ်တိတိ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမြို့နယ်က ထုတ်ပြန် ကြေညာ ခဲ့သည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့၊ နံနက်စောပိုင်းတွင် သပိတ်ကျင်း ၇ မိုင်ဘက်မှ မန္တ‌လေးသို့ ဆင်းလာသည့် စစ်ကောင် စီကား အစီး ၃၂ စီးပါသည့် ယာဉ်တန်းကို ၅ ကြိမ်တိတိ မိုင်းဆွဲတိုက်ခိုက်ခြင်း ဖြစ်သည်။

ထိုစစ်ကောင်စီ ယာဉ်တန်းသည် မိုးကုတ်-မန္တလေး ကားလမ်းမကြီး အတိုင်း ဆင်းလာစဉ် မတ္တရာမြို့ ဘိုးတော် တောင်ကွေ့အနီး ၆ နာရီ ၅၀မိနစ် တွင် တစ်ကြိမ်၊ ဥက္ကံကျေးရွာနှင့် ပွဲစားကုန်းကျေးရွာ အကြား ၆နာရီ ၅၃ မိနစ် တွင် တစ်ကြိမ်၊ သပြေပင်ကုန်းနှင့် ဘိုကုန်းရွာအကြား ၈နာရီ ၂၄မိနစ်တွင် တစ်ကြိမ်၊ ကျောက်တံတား ကျေးရွာ တောင်ပိုင်း ၈နာရီ ၄၀မိနစ် တစ်ကြိမ်နှင့် ကျောက်တံတားကျေးရွာ စာသင်ကျောင်းအနီး ၈နာရီ ၄၇မိနစ်တွင် တစ်ကြိမ် စုစုပေါင်း ၅ ကြိမ်တိုင်တိုင် လမ်းတစ်လျှောက် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

“အပြင် ဈေးရောင်းဖို့ ထိုင်နေရင်း အုံးကနဲ ကြားလိုက်ရတာ။ ပြီးတော့ သေနတ်တွေနဲ့ ပစ်ကြတာ။ ပစ္စည်းတွေ တောင် သိမ်းချိန်မရဘူး။ အိမ်ထဲဝင်ပြေးရတာ။ သူတို့က သိတဲ့အတိုင်း မဲမဲမြင်ရာ ပစ်တာ” ဟု‌ ဥက္ကံရွာမှ အမျိုး သမီး တစ်ဦးက ပြောသည်။

ဥက္ကံကျေးရွာနှင့် ပွဲစားကုန်းကျေးရွာ အကြား မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီကားနှစ်စီး ပက်လက်လှန်သွား သည်ဟု ဒေသခံမျက်မြင်အချို့က ပြောသည်။

အဆိုပါ စစ်ကောင်စီ ယာဉ်တန်း မတ္တရာမြို့ ဝသုန္ဒရွာနှင့် ကောင်းမွန်ရွာကြားတွင် နံနက် ၉ နာရီ အချိန်ခန့်က တစ်ကြိမ် မိုင်းဆွဲခဲ့ပြီး မည့်သည့် အဖွဲ့အစည်းက တိုက်ခိုက်ခြင်းဖြစ်သည်ကိုမူ မသိရသေးပေ။

မိုင်းဆွဲတိုက်ခိုက် ခံရပြီးနောက် စစ်ကောင်စီဘကက် ရမ်းသမ်းပစ်ခတ်မူများပြုလုပ်ခဲ့ပြီး လမ်း‌ကြောင်းကို ပိတ်ကာ အသွားလာများ ရပ်နားထားခိုင်းခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကနဦးသတင်းများအရ ထိခိုက်သေဆုံးမူ အများအပြားရှိသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အရေ အတွက်ကိုမူ အတည်ပြု၍ မရရှိခဲ့ပေ။

စစ်ကောင်စီကား အစီး ၃၂ စီးပါ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခြင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမြို့နယ် နှင့် Mandalay People's Defence Force တို့ ပူပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...