နိုင်ငံရေးပြဿနာတွေကို EAO တွေက အခွင့်အရေးယူနေကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

နိုင်ငံရေးပြဿနာတွေကို EAO တွေက အခွင့်အရေးယူနေကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲမသမာမှုကြောင့် ဖြစ်လာခဲ့တဲ့ နိုင်ငံရေးပြဿနာတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အခွင့်အရေးယူနေကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က တြိဂံဒေသတိုင်းစစ်ဌာနချုပ် တပ်နယ်မှာ အရာရှိနှင့် တပ်သားမိသားစုဝင်တွေကို တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံရာမှာ အဓိကအားဖြင့် ယခင် NLD အစိုးရလက်ထက်၏ ဆောင်ရွက်ချက်များကြောင့် တိုင်းပြည်က ပျက်စီးခဲ့သည့် သဘောဆောင်သော အချက်တွေကို ပြောခဲ့ပါတယ်။

အဓိကအချက်တွေကတော့ NLD ပါတီ ရွေးကောက်ပွဲဝင်နိုင်ဖို့ စစ်တပ်က ဆောင်ရွက်ပေးခဲ့ရတာ၊ NLD အစိုးရလက်ထက်မှာလည်း ဥပဒေကို လက်တလုံးခြားလုပ်ခဲ့တာ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ NCA  လက်မှတ်မထိုးဖို့ တိုက်တွန်းခဲ့တာ၊ ပြည်တွင်းထုတ်ကုန်ကို အားမပေးခဲ့တာတွေကို ပြောခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အောက်ခြေတပ်တွေထံ လိုက်လံစည်းရုံးမှုတိုင်းမှာလည်း ယခင် NLD အစိုးရ အပေါ် ထိုးနှက်ချက်တွေကိုသာ ဦးတည်ပြောနေခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံရေး၊ လူမျိုးရေးများနှင့် ပတ်သက်ပြီး လက်နက်ကိုင်ဆောင်ရွက်ခြင်းကို အားမပေးတဲ့အကြောင်းလည်း ယင်း၏ ခရီးစဉ်တခုဖြစ်တဲ့ မိုင်းခတ်မြို့နယ်ခရီးစဉ်မှာလည်း ထပ်မံပြောပါတယ်။

လာမဲ့ ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြွေးကြော်နေတဲ့ စစ်ကောင်စီဟာ ရွေးကောက်ပွဲ ကျင်းပဖို့ဆိုလျှင် တည်ငြိမ်အေးချမ်းရမယ်ဆိုတာကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအနှံံ့အပြားမှာ ဖြစ်နေတဲ့ လူထုခုခံစစ်တွေမှာ စစ်ကောင်စီတပ်တွေက အထိနာနေပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် နေရာအနှံ့သို့ လှည့်လည်ကာ စည်းရုံးရေးဆင်းနေပါတယ်။

May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...