မစ္စယန်ဟီးလီ ဘူသီးတောင်ရောက်ရှိ၊ ဒေသခံ ၃၀၀ ခန့်က ဆန္ဒပြ

မစ္စယန်ဟီးလီ ဘူသီးတောင်ရောက်ရှိ၊ ဒေသခံ ၃၀၀ ခန့်က ဆန္ဒပြ
by -
နိရဥ္စရာ
ဇူလိုင် ၁၂ ရက်နေ့ ညနေ ၃ နာရီ ၁၀ မိနစ်ခန့်က ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူအခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီ ရခိုင်ပြည်နယ် ဘူသီတောင်မြို့သို့ ရောက်ရှိလာရာ ရခိုင်တိုင်ရင်းသား ၃၀၀ ခန့်က ဆန္ဒပြကန့်ကွက်ခဲ့သည်။

ဆန္ဒပြသူများသည် Get Out Yanghee Lee စသည့် ကြွေးကြော်သံများကို အော်ဟစ် ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။

မစ္စယန်ဟီးလီသည် ဇူလိုင်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက စစ်တွေမှ ဘူးသီးတောင်မြို့သို့ စပိဘုတ်များဖြင့် ထွက်ခွာလာရာ ယနေ့ ညနေ ၃ နာရီ ၁၀ မိနစ်တွင် ရောက်ရှိသည်။

“ ဘူသီတောင်မြို့ ဌာနေတိုင်ရင်းသား ၃၀၀ ခန့်က Get Out Yanghee Lee စတဲ့ ကြွေးကြော်သံများ အော်ဟစ်ပြီး စကောပေါ် ကြက်ခြေခတ်ထားတဲ့ ယန်ဟီလီပုံတွေကို ကိုင်ပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်” ဟု ဆန္ဒပြရာတွင် ပါ၀င်သူ အမျိုးသမီး တစ်ဦးက ပြောသည်။

မစ္စယန်ဟီးလီသည် မောင်တောနှင့် ဘူးသီးတောင် ဒေသအတွင်း အကြမ်းဖက် မှုများကြောင့် ထိန်းသိမ်းခံထားရသူ အများအပြားရှိသည့် ဘူးသီးတောင်ထောင်သို့ သွားရောက် စစ်ဆေးလျက် ရှိနေကြောင်း သိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...