ဆန္ဒပြသူများသည် Get Out Yanghee Lee စသည့် ကြွေးကြော်သံများကို အော်ဟစ် ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။
မစ္စယန်ဟီးလီသည် ဇူလိုင်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက စစ်တွေမှ ဘူးသီးတောင်မြို့သို့ စပိဘုတ်များဖြင့် ထွက်ခွာလာရာ ယနေ့ ညနေ ၃ နာရီ ၁၀ မိနစ်တွင် ရောက်ရှိသည်။
“ ဘူသီတောင်မြို့ ဌာနေတိုင်ရင်းသား ၃၀၀ ခန့်က Get Out Yanghee Lee စတဲ့ ကြွေးကြော်သံများ အော်ဟစ်ပြီး စကောပေါ် ကြက်ခြေခတ်ထားတဲ့ ယန်ဟီလီပုံတွေကို ကိုင်ပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်” ဟု ဆန္ဒပြရာတွင် ပါ၀င်သူ အမျိုးသမီး တစ်ဦးက ပြောသည်။
မစ္စယန်ဟီးလီသည် မောင်တောနှင့် ဘူးသီးတောင် ဒေသအတွင်း အကြမ်းဖက် မှုများကြောင့် ထိန်းသိမ်းခံထားရသူ အများအပြားရှိသည့် ဘူးသီးတောင်ထောင်သို့ သွားရောက် စစ်ဆေးလျက် ရှိနေကြောင်း သိရသည်။







