ဒုံရင်းမီးပုံပွဲတွင် လောင်းကစားဝိုင်း ၇၀ခန့် ပါဝင်

ဒုံရင်းမီးပုံပွဲတွင် လောင်းကစားဝိုင်း ၇၀ခန့် ပါဝင်

ဖားအံမြို့တောင်ဘက်၊ ဒုံရင်းတိုက်နယ် သစ္စာတိုင်ဓူဝေစေတီအနီးတွင် တပို့တွဲလပြည့်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကရင့်ရိုးရာမီးပုံပွဲကို အနီးဝန်းကျင်ရှိ ကျေးရွာဒေသခံများ သောင်းနှင့်ချီ၍ ပါဝင်ဆင်နွဲကြသလို တစ်ဆက် တည်းတွင် လောင်းကစားဝိုင်း ၇၀နီးပါးလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးပုံပွဲကို သွားရောက်ခဲ့သူ ဒေသခံတစ်ဦးက “မီးပုံပွဲက လပြည့်နေ့ ဆိုပေမယ့် တစ်ရက်ကြိုပြီး ပွဲလုပ်ကြတယ်။ ဇာတ်ပွဲလည်းရှိတယ်။ အာဝါဒေးနဲ့တွဲလုပ်တာ တွေ့ရသလောက်တော့ အံဂလုံခုံက ၄၀လောက်ရှိမယ်။ အနီတောင်က တော့ ခုံ ၃၀လောက် ရှိတယ်။”ဟု ဆိုသည်။

နှစ်စဉ်ကျင်းပသည့် ကရင့်ဓလေ့ရိုးရာ မီးပုံပွဲအတွက် အနီးတဝိုက် ကျေးရွာများမှ ဒေသခံများက အရွက်ရှင်းလင်းထား သည့် သစ်ရိုးတံများကို နနွင်းသုတ်လိမ်းထားကာ သတ်မှတ်နေရာရှိ မီးပုံသို့သွားရောက်ပို့ဆောင် စုပုံထားကြပြီး လပြည့် ညသန်းခေါင်တိတိတွင် ဗုံရှည်များဖြင့် တီးခတ်ကာ ဆုတောင်းကန်တော့ခြင်းများဖြင့် မီးပုံပွဲကို မီးရှို့ကျင်းပခဲ့ကြသည်။

ထို့အပြင် သစ္စာတိုင်ဓူဝေစေတီဝင်းအတွင်း၌ ကျင်းပပြုလုပ်သည့် ၎င်းမီးပုံပွဲ အထိမ်းအမှတ်အဖြစ် ပွဲရက်မတိုင်မှီ ယှဉ် ပြိုင်ကစားခဲ့ကြသည့် ဘောလုံးအသင်းများကို ဆုချီးမြှင့်ခြင်း၊ ရိုးရာဒုံးအက ဖျော်ဖြေကပြခြင်းများ၊ စုပေါင်းအလှူ စတု ဒီသာ ကျွေးမွေးခြင်းများဖြင့် စည်ကားစွာ ကျင်းပခဲ့ကြသည်။

သို့သော် မီးပုံပွဲပြုလုပ်သည့် ဓူဝေစေတီအနောက်ဖက် လယ်ကွင်းပြင်၌ ဇာတ်ပွဲနှင့်အတူ အာဝါဒေးပွဲရှိ အံဂလုံကစား ဝိုင်းများတွင် အရွယ်ရောက်သူ၊ လူကြီးများသာမက အသက် ၁၀နှစ်အောက် ကလေးသူငယ်များပါ အပျော်တမ်း ပါဝင် ကစားနေကြကြောင်း မျက်မြင်သက်သေများက ပြောဆိုသည်။

အဆိုပါမီးပုံပွဲကို ဖေဖော်ဝါရီလ ၁၄ရက်(အဖိတ်နေ့)နှင့် ၁၅ရက်(လပြည့်နေ့)တွင် ပြုလုပ်ခဲ့ကြသော်လည်း အလှည့်ကျ ဇာတ်ပွဲနှင့် ညစဉ် လောင်းကစားဝိုင်းများကိုမူ တစ်ပတ်ခန့်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ၎င်းအာဝါဒေးပွဲကို နယ်ခြား စောင့်တပ်က လယ်မြေနေရာကို ငှားရမ်းကာ ပြုလုပ်သည်ဟု သိရှိရသည်။

ဖားအံမြို့နယ်အတွင်းရှိ အလားတူ ကျေးရွာအဆင့် မီးပုံပွဲကို အာဝါဒေးလောင်း ကစားဝိုင်းများဖြင့် တွဲလျက် အချို့ကျေး ရွာအုပ်စုများတွင်လည်း ကျင်းပပြုလုပ်ကြသည်ကို တွေ့ရသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...