လွိုင်ကော်မြို့နယ် စံပြသုံးမိုင် ပကြဲကျေးရွာမှာ မီးရှို့သတ်ဖြတ်ခံထားရတဲ့ အလောင်းနှစ်ခုတွေ့ရှိ

လွိုင်ကော်မြို့နယ် စံပြသုံးမိုင် ပကြဲကျေးရွာမှာ မီးရှို့သတ်ဖြတ်ခံထားရတဲ့ အလောင်းနှစ်ခုတွေ့ရှိ

ကရင်နီပြည်နယ် လွိုင်ကော်မြို့ စံပြသုံးမိုင် ပကြဲကျေးရွာမှာ မီးရှို့သတ်ဖြတ်ခံထားရတဲ့ အရပ်သားပြည်သူနှစ်ဦး အလောင်းကို လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ရက်နေ့မှာ တွေ့ရှိခဲ့တယ်လို့ KNDF ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။

KNDF ပြောရေးဆိုခွင့်ရှိသူက “ ဘယ်ရွာ ဘယ်ကလဲတော့ ကျနော်လည်း မသိဘူး။ ဒါပေမယ့် အမျိုးသား။ အလောင်းနှစ်ခုစလုံးက အမျိုးသား။ နှိပ်စက်ပြီးတော့ မီးရှို့သတ်ထားတဲ့ ပုံစံမျိုး။ မနေ့က တိုက်ပွဲတော်တော်များများဖြစ်တယ်လေ။ အဲ့နေရာလည်း တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲပြီးတော့ နယ်မြေရှင်းလင်းရေး လုပ်ရင်း အဲ့တာတွေ့တာ။ “ လို့ ပြောပါတယ်။

အလောင်းနှစ်ခုဟာ ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ စစ်တပ်ဝတ်စုံဝတ်ခိုင်းပြီး   မီးရှို့သတ်ဖြတ်ထားတာ ဖြစ်ပါတယ်။

အဆိုပါ စံပြ၃မိုင် ပကြဲကျေးရွာမှာ ယမန်နေ့  ( ဖေဖော်ဝါရီလ ၁၀ရက်နေ့) မှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ဒီးမောဆိုမြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားခဲ့သလို စစ်ကောင်စီက ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။

 ကရင်နီပြည်နယ်မှာ နှစ်ပတ်အတွင်း စစ်ကောင်စီသတ်ဖြတ်ထားတဲ့ အလောင်း ၁၀လောင်းကို တွေ့ရှိခဲ့ရတယ်လို့ KNDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“ တစ်ချို့က ဒေသခံတွေဖြစ်တယ်။ တစ်ချို့က ဘယ်ကမှန်း မသိတဲ့လူတွေလည်း ပါတယ်။ တိုက်ပွဲဖြစ်ရင်း တွေ့ပြီး ပစ်သတ်လိုက်တဲ့ ဟာတွေရှိတယ်။ တစ်ချို့လူတွေက ဖမ်းပြီး လူသားဒိုင်းသုံးပြီး ပစ်သတ်လိုက်တဲ့ဟာတွေလည်း ရှိတယ်။ “ လို့ KNDF ပြောရေးဆိုခွင့်ရှိသူ ကပြောပါတယ်။

ကရင်နီပြည်နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား သတ်ဖြတ်ခံရမှု ဖေဖော်ဝါရီလ ၂ရက်နေ့အထိ ၂၁၂ဦးအထိရှိနေတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ယက်က ထုတ်ပြန်ထားပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...