ထောင်တွင်းအသံတိတ်သပိတ်တွင် ပါဝင်ခဲ့သူ ကိုအောင်အောင် အင်းစိန်ထောင်တွင်း၌ သေဆုံး

ထောင်တွင်းအသံတိတ်သပိတ်တွင် ပါဝင်ခဲ့သူ ကိုအောင်အောင် အင်းစိန်ထောင်တွင်း၌ သေဆုံး

အင်းစိန်ထောင်မှာ ၅၀၅(က)နဲ့ ထိန်းသိမ်းခံနေရတဲ့ ထောင်တွင်းအသံတိတ်သပိတ်မှာ ပါဝင်ခဲ့တဲ့ ကိုအောင်အောင်ဟာ ဖေဖော်ဝါရီ (၆)ရက်နေ့က အင်းစိန်ထောင်တွင်းမှာ တိုက်ပိတ်ခံရချိန် သေဆုံးခဲ့ပါတယ်။

ကိုအောင်အောင် သေဆုံးမှုဟာ ပုံမှန်မဟုတ်ဘဲ နှိပ်စက်ခံရမှုကြောင့်သေဆုံးရတာပါလို့ ဇနီးဖြစ်သူက ပြောပါတယ်။

ဇနီးဖြစ်သူက အလောင်းကို အတည်ပြုဖို့ အင်းစိန်ဆေးရုံကို သွားချိန်မှာ သေဆုံးသူဟာ ပါးစပ် နှာခေါင်းတို့ကနေ သွေးတွေထွက်နေပြီး ရုပ်ပျက်နေတယ်လို့ ပြောပါတယ်။

''ကျွန်မထင်တယ် သူတို့တိုက်ပိတ်တုန်းက ထုရိုက်ထားတာဖြစ်ရမယ်။ အဲဒီတစ်ခုတော့ကျွန်မ သေချာပေါက် ပြောရဲတယ်။ အဲဒီလိုသူတို့ မတရားရိုက်ထုတာကြောင့် မခံနိုင်လို့ အထဲက အတွင်းကြေပြီးသေတာလို့ ကျွန်မတော့ထင်တယ်။ သူတို့ပြောတာကတော့ဆေးယဥ်ပါးတီဘီကြောင့်ဦးနှောက်အမှေးယောင်စေတဲ့ ပိုးဝင်ပြီးသေဆုံးတာလို့ ပြောလိုက်ကြတယ်။ သူ့မှာအဲဒီရောဂါတွေ မရှိဘူး''လို့ သံလွင်တိုင်းမ်ကို ပြောပြခဲ့ပါတယ်။

အသက် (၃၀)အရွယ်ကိုအောင်အောင်ဟာ ဇန်နဝါရီလ ၁၄ ရက်ကတည်းက ထောင်ဆေးရုံမှာ တက်ကုသမှုခံနေရတာဖြစ်ပေမယ့် မိသားစုကို အသိမပေးခဲ့ဘဲ သေဆုံးမှသာ ရုပ်အလောင်းသယ်ယူဖို့ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆန္ဒထုတ်ဖော်သူတွေကို ရပ်ကွက်တွေထဲ အထိဝင်ဖမ်းခဲ့တာကြောင့် ၂၀၂၁ခုနှစ် မတ်လက သူ့နေအိမ်အနီးမှာ ဖမ်းဆီးခံခဲ့ရတာပါ။

ကိုအောင်အောင်မှာ လူမမယ်အရွယ်ရင်သွေးငယ်နှစ်ဦးကျန်ခဲ့ပြီး မိသားစုဟာ ကျူးကျော်ရပ်ကွက်အတွင်းနေထိုင်ရသူတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝှမ်း နိုင်ငံရေးအခြေအနေကြောင့် ဖမ်းဆီးထားသူ ၁၂၀၅၉ ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရသိရပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...