မစ္စယန်ဟီးလီ၏ စစ်တွေခရီးစဉ် ရဲအင်အား အပြည့်ဖြင့် လုံခြံုရေး ဆောင်ရွက်မည်

မစ္စယန်ဟီးလီ၏ စစ်တွေခရီးစဉ် ရဲအင်အား အပြည့်ဖြင့် လုံခြံုရေး ဆောင်ရွက်မည်
by -
နိရဥ္စရာ
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီ စစ်တွေကိုရောက်ရှိလာစဉ် ဒေသခံပြည်သူများမှ ဆန္ဒပြရန် စီစဉ်နေသဖြင့် ရဲအင်အား အပြည့်ဖြင့် လုံခြံုရေး ဆောင်ရွက်သွားမည်ဟု စစ်တွေခရိုင်ရဲမှူးကြီး ၀င်းနောင်က ပြောသည်။

“ ရဲအင်အားအပြည့်နဲ့ လုံခြံုရေး ဆောင်ရွက်သွားမှာပါ။ ရဲအင်အားကတော့ အနည်းဆုံး ၁၀၀ ပေါ့ဗျာ။ ဆန္ဒပြတဲ့သူတွေကို စောင့်ရှောက်တဲ့သဘောနဲ့ ရဲအင်အား ချသွားမှာ ဖြစ်ပါတယ်။ ဆန္ဒပြနေစဉ် တစ်စုံတစ်ရာ ပြသနာတွေ မပေါ်ရအောင် တာဝန်ယူဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ရဲမှူးကြီး ၀င်းနောင်က ပြောကြားသည်။

၎င်းပြင် မစ္စယန်ဟီးလီ လုံခြံုရေးကိုလည်း အထူးအလေးထား ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။

မစ္စယန်ဟီးလီသည် ဇူလှိုင်လ ၁၂ ရက်နေ့ နံနက် ရ နာရီခန့် တွင် ကျောက်ဖြူမြို့မှ စစ်တွေမြို့သို့ ရောက်ရှိလာမည်ဖြစ်ရာ လူပေါင်းထောင်နှင့်ချီပြီး ကန့်ကွက် ဆန္ဒပြရန် စီစဉ်နေကြသည်ဟု သိရသည်။ ်

ဆန္ဒပြပွဲကို စစ်တွေအခြေစိုက် ရက္ခိုင့်အလင်းတံခါး တက်ကြွလှုပ်ရှားသူများအဖွဲ့က ဦးဆောင်၍ ပြုလုပ်မည် ဖြစ်ပြီး လူတိုင်း ပါ၀င်ကြရန် စစ်တွေမြို့ကို အသံချဲ့စက်ဖြင့် ဆော်သြမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

ရက္ခိုင့်အလင်းတံခါး တက်ကြွလှုပ်ရှားသူများအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကျော့စိန်က “လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ ခိုးဝင်ဘင်္ဂလီတွေကို ယန်ဟီလီကနေပြီးတော့ လူ့အခွင့်အရေးလို့ ပြောပြီး ဘင်္ဂါလီဘက်က တစ်ဘက်သတ် ရပ်တည်ပေးနေတာကို မကျေနပ်တဲ့အတွက် ဒီဆန္ဒဖေါ်ထုတ်ပွဲကို ပြုလုပ်မှာဖြစ်ပါတယ်”ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

အဆိုပါဆန္ဒပြပွဲကို စစ်တွေမြို့ လေယာဉ်ကွင်း အဝင်ဝ အလိုတော်ပြည့် ဘုန်းတော်ကြီး ကျောင်းရှေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။

အလားတူ ဆန္ဒပြကန့်ကွက်ပွဲကို ဘူးသီးတောင်မြို့တွင်လည်းပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...