Non-CDM ဝန်ထမ်းနှင့်ဇနီးများအား အခြေခံစစ်သင်တန်းတက်ရန် အမည်စာရင်း ကောက်ခံနေ

Non-CDM ဝန်ထမ်းနှင့်ဇနီးများအား အခြေခံစစ်သင်တန်းတက်ရန် အမည်စာရင်း ကောက်ခံနေ

ကရင်ပြည်နယ်တွင် စစ်ကောင်စီလက်အောက်၌ ဆက်လက် တာဝန်ထမ်းဆောင်နေဆဲဖြစ်သည့် Non CDM ဝန်ထမ်း များနှင့် ဇနီးများကို အခြေခံစစ်သင်တန်း တက်ရောက်ရေးအတွက် အမည်စာရင်းများကို ၂၀၂၂ခု နှစ်ဆန်းပိုင်းမှစ၍ ကောက်ယူနေကြောင်း ဝန်ထမ်းများနှင့် နီးစပ်သူများထံမှ သိရသည်။

“အခု ၂၀၂၂ခုနှစ် အစောပိုင်းကစပြီး Non CDM ဝန်ထမ်းတွေနဲ့ ဝန်ထမ်းတွေရဲ့ မှီခိုသူဇနီးတွေရဲ့စာရင်းတွေ စတင် ကောက်ယူနေပါတယ်။ တချို့ဝန်ထမ်းတွေကတော့ မနှစ်မြို့ကြဘူး။ စာရင်းကောက်တုန်းပဲ။ ဘာအတွက်လဲတော့ မသိ ရသေးဘူး။ အ‌ခြေခံစစ်သင်တန်းတက်ရမယ်ဆိုပြီးပဲ သိရသေးတာ။”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

ယခု အမည်စာရင်း စုဆောင်းခံရသည့် ဌာနဆိုင်ရာများမှာ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အကျဉ်းဦးစီးဌာန၊ မီးသတ် ဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေး(စစစ)ဌာနတို့ဖြစ်ကြောင်း သိရှိရသော် လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုအခြေအနေကိုသိရှိသူ ဝန်ထမ်းတစ်ဦးက “သင်တန်းပေးမှာက ရဲတို့၊ စစ်တပ်တို့။ အခြေခံလောက်ပဲ။ သေနတ်ဖြုတ်၊ တပ် အဲလောက်ပဲ။ အရင်နှစ်တွေကလည်း အငြိမ်းစားတွေ၊ ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်သင်တန်းပေးတာ တော့ တွေ့ရတယ်။”ဟု ဆိုသည်။

လတ်တလောတွင် အခြေခံ စစ်ပညာသင်တန်း တက်ရောက်ရန် စာရင်းပေးသွင်းနိုင်ရေးအတွက် စီစဉ်နေခြင်းဖြစ်ပြီး နောက်ပိုင်းတွင် တာဝန်ထမ်းဆောင်နေဆဲ ဝန်ထမ်းများပါ အလိုအလျောက် စာရင်းထဲပါဝင်နိုင်ကြောင်းနှင့် လုံခြုံရေး အတွက် အင်အားမလောက်သဖြင့် ယင်းသင်တန်းတက်ရောက်ခိုင်းခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။

ယမန်နှစ် ၂၀၂၁ထဲတွင် ရဲတပ်ဖွဲ့ဝင် ဝန်ထမ်းများ၏ မှီခိုသူ ဇနီးသည်များကို အခြေခံစစ်သင်တန်း ပို့ချခဲ့ကြောင်းလည်း ထိုအခြေအနေကို သိရှိထားသည့် ဝန်ထမ်းအချို့ထံမှ သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...