စစ်ကောင်စီရဲ့ ဂျပန်ခေတ်လက်ကျန် ရတနာပစ္စည်းတူးဖော်မှု အထောက်အထား မတွေ့လို့ လုပ်ငန်း ပိတ်သိမ်း

စစ်ကောင်စီရဲ့ ဂျပန်ခေတ်လက်ကျန် ရတနာပစ္စည်းတူးဖော်မှု အထောက်အထား မတွေ့လို့ လုပ်ငန်း ပိတ်သိမ်း

အာဏာသိမ်း စစ်ကောင်စီရဲ့ သံဖြူဇရပ်မြို့နယ်၊ ဝဲကဝါကျေးရွာရှိ မိန်ဘလာတောင်က ဂျပန်ခေတ်လက်ကျန် ရတနာပစ္စည်းတူးဖော်မှု စီမံကိန်းဟာ အထောက်အထား တစ်စုံတစ်ရာ မတွေ့တာကြောင့် တူးဖော် ပိတ်သိမ်းလိုက်ပြီးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ဂျပန်ခေတ်လက်ကျန် ရတနာပစ္စည်းတူးဖော်မှု စီမံကိန်းအတွက် ဥတ္တရမြေကုမ္ပဏီကို လုပ်ပိုင်ခွင့် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဥတ္တရမြေကုမ္ပဏီဟာ ဂျပန်ခေတ်လက်ကျန် ရတနာပစ္စည်းတွေကို ရှာဖွေဖို့အတွက် မိန်ဘလာတောင် အနီးအနားက ရာဘာခြံ တစ်ဧကကို ဝယ်ယူပြီး တူးဖော်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ကုမ္ပဏီဘက်ကတော့ အတွင်းအနက် ၆၂ ပေမှာ ဂျပန်ခေတ်လက်ကျန် ရတနာပစ္စည်းတွေ ရှိတယ်လို့ ဆိုထားပေမယ့် သတ်မှတ်နေရာ ရောက်တဲ့အထိ အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိခဲ့ပါဘူး။

အခုအခါမှာတော့ အထောက်အထား တစ်စုံတစ်ရာ မတွေ့တဲ့အတွက်ကြောင့် ကုမ္ပဏီဘက်က တူးဖော်ထားတဲ့ ကျင်းကြီးကို ပြန်ဖုံးနေပြီးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

မိန်ဘလာတောင်ရှိ ဂျပန်ခေတ် လက်ကျန်ရတနာ ပစ္စည်းတူးဖော်ခွင့်ကို NLDအစိုးရ လက်ထက်တုန်းက Royal Eagle Myanmar ကုမ္ပဏီကို တူးဖော်ခွင့်ပေးခဲ့ပြီး အထောက်အထား တစ်စုံတစ်ရာ မတွေ့တဲ့အတွက် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ လုပ်ပိုင်ခွင့် ပြန်လည် ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ စီမံကိန်းရဲ့ ကျန်ရှိခဲ့တဲ့ မြေတွင်း ရေကန်တွေကြောင့် ၂၀၂၀ ဇွန်လအတွင်းမှာ ဒေသခံ အမျိုးသမီး တစ်ဦးနဲ့ ကလေးငယ် (၃)ဦး ရေနစ် သေဆုံးမှု ဖြစ်ခဲ့ဖူးပါတယ်။

May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...