စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များ တာဝန်မှ နုတ်ထွက်ပေးရန် ကေအဲန်ယူ ဖားအံမြို့နယ် သတိပေးထုတ်ပြန်

စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များ တာဝန်မှ နုတ်ထွက်ပေးရန် ကေအဲန်ယူ ဖားအံမြို့နယ် သတိပေးထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး လက်ရှိတာဝန်မှ နုတ်ထွက်ပေးရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ ဖားအံမြို့နယ်က ယနေ့ ဖေဖော်ဝါရီလ ၈ရက်နေ့တွင် သတိပေးစာထုတ်ပြန်ကြေညာလိုက်သည်။

၎င်းထုတ်ပြန်ချက်တွင် ကေအဲန်ယူ-သထုံခရိုင်၊ ဖားအံမြို့နယ်၊ တပ်ရင်း ၁ ထိန်းချုပ်နယ်မြေအတွင်း နယ်ခြားစောင့်တပ် BGF နှင့် ပြည်သူ့စစ် (ပသစ)များ မိမိလက်ရှိ လုပ်ငန်းတာဝန်မှ ထွက်ပေးရန်နှင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်၊ လက်ရှိဖြစ်ပွားနေသော အခြေအနေအရ (BGF) တပ်စခန်းတွင်နေထိုင်နေသော မိသားစုဝင်အားလုံးသည် ၎င်းစခန်းအတွင်းမှ ထွက်ခွာပေးရန် နှင့် ဖားအံမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော အရပ်ဖက် ဌာနဆိုင်ရာဝန်ထမ်းများအားလုံး မိမိလက်ရှိ လုပ်ငန်းတာဝန်မှ နုတ်ထွက်ပေးရန် စသည့် အချက် ၃ ချက် ပါဝင်သည်။

အဆိုပါ သတိပေး ထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဖြစ်လာမည့် ပြဿနာများကို တာဝန်ယူမှာမဟုတ်ကြောင်းလည်း ကေအဲန်ယူ-သထုံခရိုင် လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...