စစ်တပ် ထုတ်ကုန်တွေ မရောင်းချဖို့ ဖယ်ခုံ PDF ကြေငြာ

စစ်တပ် ထုတ်ကုန်တွေ မရောင်းချဖို့ ဖယ်ခုံ PDF ကြေငြာ

ဖယ်ခုံ PDF ကနေပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းက ကျေးရွာ၊ ရပ်ကွက်တွေမှာ စစ်တပ်ထုတ်ကုန်တွေ တင်သွင်းတာတွေ၊ ရောင်းချတာတွေ မပြုလုပ်ကြဖို့ဖယ်ခုံPDFပြောဆိုခွင့်ရှိသူ ကပြောပါတယ်။

စစ်ကောင်စီရဲ့ ဝင်ငွေမှန်သမျှကို ပိတ်နိုင်ဖို့အတွက် ဆောင်ရွက်တာဖြစ်ပြီး အဓိက ဖြန့်ဖြူးပေးနေတဲ့  ဆိုင်ကြီးတွေ အနေနဲ့ ရောင်းချတာတွေ မလုပ်ဖို့ သတိပေးထားတာဖြစ်ပြီး ဖေဖော်ဝါရီလ(၂၈) ရက်နေ့ကနေစပြီး အရေးယူတာတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေပြီးတော့ သူ့ရဲ့ သတ်မှတ်တဲ့အချိန်ကာလတစ်ခုတော့ ပေးထားတယ်ဗျ။ ဒီအချိန်ကာလတစ်ခုအနေနဲ့ ကျနော်တို့ကတော့ ပညာပေးကာလပေါ့။ အဲ့လို သတ်မှတ်ထားပြီးတော့ အဓိကတော့ စစ်ကောင်စီ ယန္တာရားလည်ပတ်လို့မရအောင် စီးပွားရေးပစ်မှတ်တစ်ခုအနေနဲ့ ကျနော်တို့ လုပ်လာတာပေါ့။ တစ်ဖက်မှာလည်း ကျနော်တို့ PDFတွေက အခုတော့ အများစုနေရာတွေမှာ နယ်မြေစိုးမိုး မှုတွေ ကျနော်တို့ ရှိလာပြီဗျ။ အဲ့ဒီအတွက်ကြောင့် ကျနော်တို့ လုပ်ရတာဗျ။ “

စစ်တပ်ထုတ်ကုန်ဖြစ်တဲ့ Army Rum၊ Andaman Goldဘီယာနှင့်အရက်၊ Black Shieldဘီယာနှင့်အရက်၊ Myanmar Beer၊ Mandalay Beer၊ Dagon Beer၊ Red Rubbyဆေးလိပ်၊ Premium Goldဆေးလိပ်၊ ရွှေဖီဦး လက်ဖက်ရည်ထုပ် စတဲ့ ထုတ်ကုန်တွေကို ရောင်းချတာတွေ မလုပ်ဖို့  ဖေဖော်ဝါရီလ(၃)ရက်နေ့မှာ စတင်အသိပေးကြေညာထားတာဖြစ်ပါတယ်။

သတ်မှတ်ရက် နောက်ပိုင်း ရောင်းချတာတွေ တွေ့ရှိပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး အရေးယူဆောင်ရွက်တာတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...