ကျောက်ဖြူမြို့နယ် မူရွင်းရွာဘုန်းတော်ကြီးကျောင်းကိစ္စ တန်ပြန်ဆန္ဒဖော်ထုတ်မှု ပေါ်ပေါက်

ကျောက်ဖြူမြို့နယ် မူရွင်းရွာဘုန်းတော်ကြီးကျောင်းကိစ္စ တန်ပြန်ဆန္ဒဖော်ထုတ်မှု ပေါ်ပေါက်
by -
နိရဥ္စရာ
ကျောက်ဖြူမြို့နယ်၊ ကလန့်တဲကျေးရွာအုပ်စု၊ မူရွင်းကျေးရွာတွင် သော့ခတ် ချိပ်ပိတ် ထားသော မူရွင်းဘုန်းတော်ကြီးကျောင်းကို ပြန်လည်ဖွင့်ပေးရန်အတွက် ဇူလိုင်လ (၇)ရက်နေ့က တောင်းဆိုဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့ပြီး ထိုဆန္ဒဖော်ထုတ်ပွဲကို ကန့်ကွက်သည့်အနေဖြင့် တန်ပြန်ဆန္ဒဖော်ထုတ်ပွဲတစ်ခုကို ဒေသခံကျေးရွာသားများက ဇူလှိုင်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

ကျောင်းကို ပြန်လည်ဖွင့်လှစ်ပေးရေး ဆန္ဒဖော်ထုတ်ပွဲအား ကန့်ကွက်သည့် အနေဖြင့် တန်ပြန်ဆန္ဒဖော်ထုတ်ပွဲကို ဇူလိုင်လ(၁၀)ရက် နေ့လယ်(၁)နာရီခန့်က မူရွင်းကျေးရွာမှ လူပေါင်း(၁၅၀)ခန့်ပူးပေါင်းကာ ကျောက်ဖြူမြို့တွင် ပြုလုပ်ခဲ့ကြသည်။

၂၀၀၅-၂၀၁၆ခုနှစ်က မူရွင်းကျေးရွာ အိမ်ခြေ(၂၆၉)တွင် ဘုန်းတော်ကြီးကျောင်း (၃)ကျောင်းရှိနေရာ တစ်စုတစ်စည်းတည်း ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတည်း ဖြစ်ရန် သဘောတူလက်မှတ်ရေးထိုးပြီး ပူးပေါင်းရာ သဘောမတူသူ (၁၆)အိမ်မှ ဆန္ဒပြခြင်းကို ကန့်ကွက်သည်ကို ပြန်လည်တုန့်ပြန်သည့်အနေဖြင့် ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ကြောင်း ဦးဆောင်သူ ဦးထွန်းသာအောင် ကပြောသည်။

‘‘ ကျေးရွာမှာ လူအများစုက သဘောတူလက်မှတ်ရေးထိုးပြီး စုပေါင်းတာပါ။ (၁၆)အိမ်က သဘောမတူလိို့ ဆန္ဒပြခဲ့တာပါ။ ကျောင်းသုံးကျောင်းက ဆရာတော်လည်း သဘောတူလက်မှတ်ရေးထိုးတယ်။ ကျောင်းသုံးကျောင်းက မွေးထုတ်ပေးခဲ့တဲ့ သံဃာ(၃၁)ပါးကလည်း သဘောတူလက်မှတ်ထိုးတယ်။ တစ်ခြားသူတွေက အဲဒီကျောင်းကို ငါတို့လည်းပိုင်တယ်ဆိုပြီး တရားစွဲရာက နိုင်ငံတော်မဟာနာယကကိုရောက်သွားပြီး ချိပ်ပိတ်လိုက်တာပါ။ ကျေးရွာ အေးချမ်းနေတာကို မူရွင်းကနေ ရန်ကုန်ကို ပြောင်းရွှေ့နေထိုင်သူတွေနဲ့ ရွာက သဘော မတူဘဲကျန်ခဲ့တဲ့သူတွေနဲ့ ပူးပေါင်းဆန္ဒပြကြတာပါ။ ဒါကို တန်ပြန် ကန့်ကွက်ဆန္ဒဖော်ထုတ်တာပါ’’ဟု ဦးထွန်းသာအောင် ကပြောသည်။

ကျောက်ဖြူမြို့အဝင်တွင် လူစုပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့လမ်း၊ ဗိုလ်ခမောက်လမ်း၊ ပြန်ကြားရေးရုံးရှေ့လမ်းမှ သာသာနာရေး ဦးစီးဌာန ရုံးရှေ့ထိလမ်းလျှောက်ကာ ကျေးရွာစည်းလုံးညီညွတ်ရေး ပျက်ပြားအောင် လုပ်ဆောင်သူ အလိုမရှိ၊ ကျေးရွာစည်းလုံးညီညွတ်ရေးပျက်စီးအောင် တစ်ခြားကျေးရွာက ကူညီအားပေးသူ အလိုမရှိ၊ လူ့အခွင့်အရေးအယောင်ဆောင် အလိုမရှိ၊ ဥပဒေကိုလေးစားပါ စသည့်စာသားပါပိုစတာကို ကိုင်ဆောင်ပြီး ကြွေးကြော်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မူရွင်းဘုန်းတော်ကြီးကျောင်းကို ပြန်လည်ဖွင့်ပေးရန်အတွက် ဇူလိုင်လ(၇)ရက်နေ့က တောင်းဆိုဆန္ဒဖော်ထုတ်သူများက အတင်းဖိအားပေးပေါင်းခိုင်း၍ မပေါင်းလိုခြင်း ဖြစ်ကြောင်း၊ မပေါင်းလိုသည့် အိမ်ခြေ(၃၄)အိမ်ရှိကြောင်း၊ သာရေးနာရေး အခက်အခဲဖြစ်နေသဖြင့် ကျောင်းကို ပြန်လည် ဖွင့်လှစ်ပေးရန် တောင်းဆိုဆန္ဒဖော်ရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...