ဖရူဆိုမြို့အနောက်ဘက်ခြမ်းမှာ အအေးပိုပြီး ရေတွေခဲနေ

ဖရူဆိုမြို့အနောက်ဘက်ခြမ်းမှာ အအေးပိုပြီး ရေတွေခဲနေ
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

ဖရူဆိုမြို့နယ် ဟိုယာကျေးရွာနဲ့ ရီခီးဘူးကျေးရွာအနီးတွေမှာ ယခုရက်ပိုင်းအတွင်း ပိုမိုအေးလာသလို ရေတွေဟာ ရေခဲအဖြစ်ပြောင်းလဲသွားတယ်လို့ ဖရူဆိုမြို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“ အဲ့နေရာက ရေခဲတာက သုံး၊ လေးရက်လောက်ရှိပြီ။ ဒီရက်တော့ ပြန်သက်သာတယ်။ သိပ်မအေးတော့ဘူး။ ဒီရက် သုံး၊ လေးရက်ဆက်တိုက်တော့ ရေခဲတာရှိတယ်။ ရေခဲတာတော့ အဓိကကတော့ ဟိုယာနဲ့ ရီခီးဘူးပေါ့နော။ မနက်ဆို ရေတွေခဲနေတယ်။ မနက်ချိန်လည်းအေးတယ်။ ညအချိန်လည်းအေးတယ်။ မနက်အချိန်လည်း ရေလည်း ခဲနေတယ်။ “ ဖရူဆိုမြို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

နှင်းစက်တွေဟာလည်း ရေခဲအဖြစ်ပြောင်းလဲနေတယ်လို့ သူကဆက်ပြောပါတယ်။



ဓာတ်ပုံ-CJ

“ အေးတာတော့ တစ်လပိုင်း နှစ်လပိုင်း ကတည်းက အေးတယ်။ ဒါပေမယ့် အခုချိန်က အအေးဆုံး အချိန်လို့ ပြောရမယ်ပေါ့။ တစ်ခါ အရင်တစ်ပတ်နှစ်ပတ်ထဲက တော်တော်အေးလာတာ။ ဒီတစ်ရက်နှစ်ရက်က အအေးဆုံးအခြေအနေရောက်သွားတယ်ပေါ့နော။ အဲ့ဒီအထဲမှာက။ “ ၎င်းက ဆက်ပြောပါတယ်။

စစ်ရှောင်စခန််းတိုင်းမှာ စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ အနွေးထည် အဓိကလိုအပ်နေပါတယ်။

ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ဒီနှစ်အစောပိုင်းမှာ စစ်ရှောင်ပိုမိုများပြားလာတာဖြစ်ပြီး တစ်သိန်းခုနှစ်သောင်းထိရှိနေပြီဖြစ်ပါတယ်။ စစ်ရှောင်တွေဟာ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့တွေမှာသွားရောက်ခိုလှုံတာရှိသလို ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်အတွင်းမှာလည်း အများအပြားရှိနေပါတယ်။ အရေးပေါ်စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး လိုအပ်နေဆဲ ဖြစ်ပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...