ဘဏ်တွေ ပုံမှန်အတိုင်း မလည်ပတ်နိုင်သေးလို့ စီးပွားရေးလုပ်ငန်းတွေ ပိုမို အခက်ကြုံနေ

ဘဏ်တွေ ပုံမှန်အတိုင်း မလည်ပတ်နိုင်သေးလို့ စီးပွားရေးလုပ်ငန်းတွေ ပိုမို အခက်ကြုံနေ

စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်တာကာလအတွင်း ဘဏ်တွေ ပုံမှန်အတိုင်း မလည်ပတ်နိုင်သေးတဲ့အတွက်ကြောင့် စီးပွားရေးလုပ်ငန်းတွေ ပိုမို အခက်ကြုံနေရတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေ ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ အာဏာသိမ်းယူပြီးနောက် ဘဏ်တွေကနေ ငွေကြေး အလွယ်တကူ ထုတ်ယူလို့ မရအောင် ကန့်သတ်မှု မျိုးစုံပြုလုပ်ခဲ့တာ ဖြစ်ပြီး၊ လက်ရှိအချိန်ထိ ကန့်သတ်ချက်တွေကို ဖြေလျော့ပေးတာ မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်ကြောင့် စီးပွားရေးလုပ်ငန်းတွေ လည်ပတ်ဖို့ အခက်ကြုံနေရပြီး ငွေကြေးထုတ်ယူရာမှာလည်း ရာခိုင်နှုန်း အမျိုးမျိုးပေးပြီး ထုတ်ယူနေရတာပါ။

ဒါကြောင့် စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ခေတ်နောက်ပြန်ဆွဲနေတဲ့ ပုံစံမျိုးဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“ ဘဏ်စနစ်ကတော့ စီးပွားရေးအတွက် အဓိကပါပဲ ။ ပြီးခဲ့တဲ့နှစ်တွေမှာဆို အွန်လိုင်းပေါ် ရောက်လာပြီး ဘဏ်စနစ်က လွယ်သထက် လွယ်အောင် လုပ်ခဲ့ကြတယ်။ တအားကို အဆင်ပြေနေရာမှ အခုက နောက်ပြန်ဆွဲနေသလို ဖြစ်နေတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်ကြောင့် လုပ်ငန်းတွေ လည်ပတ်ဖို့ ခက်ခဲလာလို့ လုပ်ငန်းတချို့ ရပ်နားခဲ့ရပါတယ်။

စစ်ကောင်စီကတော့ လက်ရှိအချိန်ထိ ဘဏ်တွေမှာ ငွေကြေး ထုတ်ယူရာမှာ စာအုပ် တစ်အုပ်ကို တစ်ပတ် ကျပ် ၃ သိန်းနှုန်း ထုတ်ပေးနေပြီး၊ ကုမ္ပဏီအကောက်တွေကိုတော့ တစ်ပတ် ကျပ် သိန်း ၂၀ သာ ထုတ်ပေးနေတာပါ။

မွန်ပြည်နယ်မှာတော့ စစ်ကောင်စီက အာဏာသိမ်း ပြီးနောက် တစ်နှစ်ကျော် ကာလအထိ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းတွေ အပြည့်အဝ မလည်ပတ်နိုင် သေးသလို ATM စက် တွေမှာလည်း ငွေကြေးမထည့်နိုင်တာ အခုဆိုရင် ၈လကျော်လာပြီး ဖြစ်ပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...