တောင်ဘုံရွာက မိုင်တဲလ်တာဝါတိုင်ကို MSRU က ဖောက်ခွဲဖျက်ဆီး

တောင်ဘုံရွာက မိုင်တဲလ်တာဝါတိုင်ကို MSRU က ဖောက်ခွဲဖျက်ဆီး

စစ်အာဏာသိမ်းတစ်နှစ်ပြည့်တဲ့ တိတ်ဆိတ်ခြင်းသပိတ်နေ့မှာ ရေးမြို့နယ်ရှိ တောင်ဘုံ‌ကျေးရွာက မိုင်တဲလ်တာဝါတိုင်ကို နေ့လည် ၁ နာရီဝန်းကျင်မှာ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအစည်းအရုံး (MSRU) က ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

MSRU ဟာ ရေးမြို့က စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးရုံး၊အခွန်ဦးစီးရုံးနဲ့ တောင်ဘုံကျေးရွာက မိုင်တဲတာဝါတိုင်တို့မှာ Non CDM တွေကို သတိပေးတဲ့အနေနဲ့ အဝေးထိန်းချိန်ကိုက်ဗုံး‌ထောင်ကာ ဖောက်ခွဲဖို့ စီစဥ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အနီးအနားပတ်ဝန်းကျင်မှာ သွားလာလှုပ်ရှားနေတဲ့ ပြည်သူလူထုတွေကို ငဲ့ညှာတဲ့အနေနဲ့ လူသူသွားလာမှုမရှိတဲ့ တောင်ဘုံကျေးရွာက မိုင်တဲလ်တာဝါတိုင်ကို ဖောက်ခွဲခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းမှာ MSRU ကနေ စမ်းသပ်ထုတ်လုပ်ထားတဲ့ တာာဝေးပစ်မော်တာနဲ့ ရေးမြို့နယ်က ခမရ (၅၈၆) တပ်ရင်းကို နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ‌နေ့ ည ၁၀ နာရီဝန်းကျင်မှာလည်း ရန်ကုန်-ထားတယ် အာရှလမ်းမကြီးပေါ်မောင်းနှင်လာတဲ့ ခလရ (၃၄၃) တပ်ရင်းက ကင်းလှည့်စစ်ကားတစ်စီးကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ MSRUက ဆိုပါတယ်။

အဲဒီစစ်ဆင်ရေးကို MSRU တပ်ဖွဲ့နဲ့ Ye Special Task Force (YSTF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ နှစ်ဖက် အပြန်အလှန် ထိတွေ့ တိုက်ပွဲငယ် ဖြစ်ပွားခဲ့တယ်လို့လည်း MSRU က ထုတ်ပြန်ထားပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...