စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်အတွင်း စက်သုံးဆီ ဈေးနှုန်း ၃ ဆ နီးပါး မြင့်တက်လာ

စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်အတွင်း စက်သုံးဆီ ဈေးနှုန်း ၃ ဆ နီးပါး မြင့်တက်လာ

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်အတွင်း စက်သုံးဆီ ဈေးနှုန်း ၃ ဆ နီးပါး မြင့်တက်လာတယ်လို့ စက်သုံးဆီအရောင်းဆိုင် တာဝန်ရှိသူတွေက ပြောပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာမသိမ်းခင် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တစ်လီတာ ကျပ် ၆၀၀ ဝန်းကျင်သာ ရှိခဲ့ရာမှ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်တာကာလအတွင်းမှာတော့ တစ်လီတာကို ကျပ် ၁၇၀၀ နီးပါးထိ ၊ ၃ ဆနီးပါး ဈေးနှုန်းမြင့်တက်လာတာပါ။

စက်သုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာ့ငွေကြေး တန်ဖိုး ဆက်တိုက်ကျဆင်းလာတာအပါအဝင် ကမ္ဘာ့ရေနံဈေး အနည်းငယ် မြင့်တက်နေတဲ့အတွက်ကြောင့် ဈေးနှုန်း မြင့်တက်လာရတာလို့ စက်သုံးဆီအရောင်းဆိုင် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“အဓိက ပုံမှန်ဈေးနှုန်းအရ ဆိုရင် ဒေါ်လာ ဈေးကြောင့်အကို၊ ကျွန်တော်တို့ အရင်ပုံမှန်က (၁၃၀၀)ကျော် လောက်ကနေ (၁၉၅၀) အခု (၂၀၀၀)တန်းလေ ဆိုတော့ အဲ့ဒီမှာ Rateက ကွာသွားပြီးလေ၊ ကမ္ဘာ့ဈေး နည်းနည်းတက်ရင်တော့ ကျွန်တော်တို့ မြန်မာပြည်မှာက များများတက်တယ်လေ၊ အခုလက်ရှိ တက်တာက ကမ္ဘာ့ဈေးကြောင့်ပါ၊ ကမ္ဘာ့ဈေး တက်လို့လေ၊ ဒီမှာက လက်ရှိတက်တဲ့ Rateက နည်းနည်းမြင့်တာပေါ့၊ ငွေဈေးကြောင့်လည်း ပါတာပေါ့”လို့ ဆိုပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ ဒေါ်လာဈေးနှုန်းနဲ့ ကမ္ဘာ့ရေနံဈေးအပေါ် အခြေခံတာကြောင့် စစ်ကောင်စီအနေနဲ့ ဒေါ်လာဈေးနှုန်း မထိန်းချုပ်နိုင်ရင် စက်သုံးဆီဈေးနှုန်း ပိုမိုမြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

စက်သုံးဆီ ဈေးနှုန်းတွေ ဆက်တိုက် မြင့်တက်လာတဲ့ အတွက် အဌားယာဉ် မောင်းနှင်သူတွေ နေ့တွက် မရတာကြောင့် အဌားယာဉ်တွေကို ပြန်အပ်နေရတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတာပါ။

အာဏာသိမ်းပြီးနောက် စက်သုံးဆီ ဈေးနှုန်း ဆက်လက်မြင့်တက်နေတာကြောင့် စားသောက်ကုန်၊ အသုံးအဆောင် ပစ္စည်းနဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေရဲ့ သယ်ယူ ပို့ဆောင်ရေး စရိတ် ပိုမို ကုန်ကျလာလို့ ကုန်ပစ္စည်းဈေးနှုန်း ကြီးမြင့်မှုကိုပါ ရင်ဆိုင်နေရပါတယ်။

May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...