မွန်လူငယ်တိုင်း စစ်ပညာသင်ဖို့နဲ့ ရန်ပုံငွေ မဖြစ်မနေ ထည့်ဝင်ဖို့ မွန်လူငယ်ညီလာခံအတည်ပြု

မွန်လူငယ်တိုင်း စစ်ပညာသင်ဖို့နဲ့ ရန်ပုံငွေ မဖြစ်မနေ ထည့်ဝင်ဖို့ မွန်လူငယ်ညီလာခံအတည်ပြု

အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ မွန်လူငယ်တိုင်း စစ်ပညာသင်ဖို့နဲ့ မွန်လူငယ်ရေးကိစ္စ ဆောင်ရွက်ဖို့အတွက် မဖြစ်မနေ ရန်ပုံငွေ ထည့်ဝင်ကြရမယ်ဆိုတဲ့ မွန်လူငယ်မူဝါဒကို ဒုတိယအကြိမ် မွန်လူငယ် ညီလာခံကနေ အတည်ပြုလိုက်ပါတယ်။

မွန်လူငယ်မူဝါဒကိုတော့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ သထုံခရိုင်မှာ ဇန်နဝါရီ ၂၇ ရက်နေ့ကနေ ၂၉ ရက်ထိ ၃ ရက်တာ ပြုလုပ်ခဲ့တဲ့ ဒုတိအကြိမ်မြောက် မွန်လူငယ် ညီလာခံမှာ အတည်ပြုလိုက်တာပါ။

အတည်ပြုလိုက်တဲ့ မွန်လူငယ် မူဝါဒမှာတော့ အခန်းကြီး ၃ ခန်း ၊ ပုဒ်မ ၂၆ ခု ပါဝင်ပြီး ကဏ္ဍကြီး ၁၁ တစ်ရပ် ပါဝင်ပါတယ်။

မွန်လူငယ် မူဝါဒရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံးရေးကဏ္ဍမှာတော့ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ မွန်လူငယ်တိုင်း မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှာ စစ်ပညာသင်ပြီး တစ်နှစ် စေတနာ့ဝန်ထမ်း ရဲဘော်အဖြစ် တာဝန်ထမ်းဆောင်ကြဖို့ ပါဝင်တာပါ။

မွန်လူငယ်မူဝါဒရဲ့ လူငယ်ကဏ္ဍမှာတော့ မူဝါဒအကောင်အထည် ဖော်ဆောင်ရွက်နိုင်ဖို့ မွန်လူငယ်တိုင်း မဖြစ်မနေ ရန်ပုံငွေ ထည့်ဝင်ကြဖို့ အချက်ပါဝင်နေတာပါ။

မွန်လူငယ်ရန်ပုံငွေအတွက် အသက် ၁၅ နှစ်ကနေ ၃၅ နှစ်ထိ လူငယ်တိုင်း မဖြစ်မနေ ထည့်ဝင်ဖို့ မူဝါဒချမှတ်ထားတယ်လို့ မွန်လူငယ်များဆုံရပ် MYF အကြံပေး နိုင်ဉာဏ်စိုက်ရာမာန်က ပြောပါတယ်။

“အဲထဲမှာ ဆိုလို့ရှိရင် မွန်လူငယ်ရန်ပုံငွေကို အသက် ၁၅ နှစ်ကနေ ၃၅ လူငယ်တိုင်း မဖြစ်မနေ မွန်လူငယ်ရဲ့ရန်ပုံငွေကို ထည့်ဝင်သွားရမှာ ကျွန်တော်တို့ မူဝါဒအနေနဲ့ ချမှတ်တယ်။ဒါပေမယ့် တစ်ခုရှိတာက မွန်လူငယ်ရန်ပုံငွေကို အသေးစိတ်အနေနဲ့ ဘဏ္ဍာရေးမူဝါဒတစ်ခုအနေနဲ့ ရေးဆွဲဖို့ဆိုပြီး ချမှတ်ထားတာ ရှိပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် မွန်လူငယ်မူဝါဒ အကောင်အထည်ဖော်ဖို့အတွက် မဟာဗျူဟာနဲ့ နည်းဗျူဟာတွေကို အသစ်ရွေးချယ်လိုက်တဲ့ မွန်လူငယ်များဆုံရပ် (MYF) ဗဟိုကော်မတီနဲ့ အထွေထွေအတွင်းရေးမှူးအဖွဲ့တွေက လာမယ့် ၆ လပြည့်အတွင်း အပြီးရေးဆွဲရာမှာ ဖြစ်ပါတယ်။

မွန်လူငယ်ဆုံရပ် MYF ကတော့ မွန်လူငယ်မူဝါဒ အကောင်အထည်ဖော်နိုင်ဖို့အတွက် မွန်ပြည်သစ်ပါတီ၊ မွန်နိုင်ငံရေးပါတီ၊ မွန်အသင်းအဖွဲ့တွေနဲ့ မွန်ပြည်သူတွေ ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းထားပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...