ထားဝယ်မှာ စစ်ကောင်စီက Silent Strike နေ့ ဆွမ်းဆန်းစိမ်းလောင်လှူ ပွဲလုပ်ဖို့ ကတိုက်ကရိုက် ပြင်ဆင်

ထားဝယ်မှာ စစ်ကောင်စီက Silent Strike နေ့ ဆွမ်းဆန်းစိမ်းလောင်လှူ ပွဲလုပ်ဖို့ ကတိုက်ကရိုက် ပြင်ဆင်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အသံတိတ် သပိတ် Silent Strike မှာ စစ်ကောင်စီက ဆွမ်းဆန်းစိမ်းလောင်လှူ ပွဲလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ဟာ စစ်တပ် အာဏာသိမ်း တစ်နှစ်ပြည့်နေဖြစ်ပြီး ဒီမိုကရေစီအရေးလှုပ်ရှားနေသူတွေက အဲဒီနေ့မှာ ပြည်သူတွေ လမ်းပေါ်မထွက်ဘဲ နေအိမ်မှာပဲနေပြီး Silent Strike မှာ ပါဝင်ပေးဖို့ လှုံဆော်နေကြတာဖြစ်ပါတယ်။

ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲကိုတော့ အဆိုပါနေ့ နေ့လည်ပိုင်းမှာ ထားဝယ်မြို့ သာသနဗိမာန်မှာ ပြုလုပ်ဖို့ စစ်ကောင်စီဘက်က လုပ်ဆောင်နေပြီး ဌာနဆိုင်ရာဝန်ထမ်းတွေကိုလဲ မဖြစ်မနေ တက်ရောက်လောင်းလှူ ကြဖို့ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားထားတယ်လို့ ဌာနဝန်ထမ်းအချို့ထံက သိရပါတယ်။

“မနက်ပိုင်းမှာ အခန်းအနားတစ်ခုရှိသေးတယ်။ အဲဒါပြီးမှ ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲလုပ်မှာဆိုတော့ နေ့လည်ပိုင်းလောက်ဖြစ်မယ်ထင်တယ်။ ဌာနဝန်ထမ်းတွေကတော့ သက်ဆိုင်ရာဌာနအလိုက်မဖြစ်မနေ လာရမယ့်သဘောပါ”လို့ ဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ယခုလို Silent Strike နေ့မှာ စစ်ကောင်စီလက်အောက်ခံ ဌာနဝန်ထမ်းတွေကို ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲလုပ်ခိုင်းတာဟာ လမ်းပေါ်မှာ လူနေရှိနေစေဖို့နဲ့Silent Strike အစီအစဉ်ပျက်အောက်လုပ်ဆောင်တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ခါတိုင်းနှစ်တွေက ဒီအချိန် ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲက လုပ်နေကြမှ မဟုတ်တာ။ သူတို့ သက်သက်မဲ့ဂွင်ဆင်တာပေါ့။ အဲနေ့မှာ ပြည်သူတွေက လမ်းပေါ်မထွက်ဘူးလေ။ ဒါကို မထွက်ထွက်အောင်လုပ်တဲ့သဘောဘဲ။ ခုပွဲမှာတော့ သူတို့ကို ထောက်ခံသူတွေကလွဲရင် ကျန်သူတွေက ထွက်မှာ မဟုတ်ပါဘူး။ ”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင် Silent Strike နေ့မှာ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကို နံနက် ၁၀ နာရီခွဲမှာ ရုံးတက်ပြီး ညနေ ၃ နာရီမှာ ရုံးဆင်းဖို့ကိုလဲ ညွှန်ကြားထားတာတွေရှိနေတယ်လို့ သိရပါတယ်။

ဒေသခံပြည်သူ စျေးရောင်းချသူတွေကိုလဲ Silent Strike နေ့မှာ စျေးဆိုင်တွေပိတ်တာ မလုပ်ကြဖို့နဲ့ ပိတ်ခဲ့ပါက အကြမ်းဖက်ဥပဒေနဲ့အပြင်အခြား ပုဒ်မတွေနဲ့ပါ အရေးယူသွားမယ်လို့ စစ်ကောင်စီဘက်က ခြိမ်းခြောက်ထားတာဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...