Published
Tuesday, February 01, 2022
မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ စစ်တပ် ထောက်ခံပွဲ ပြုလုပ်
မွန်ပြည်နယ်ရဲ့ ပေါင်၊သံဖြူဇရပ်၊မုဒုံနဲ့ ကျိုက်မရောမြို့နယ်တို့မှာ ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ မနက်ပိုင်းက စစ်တပ် ထောက်ခံပွဲ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်တပ် ထောက်ခံပွဲကို စစ်တပ် မိသားစုဝင်တွေ၊ စစ်မှုထမ်းဟောင်းတွေနဲ့ အာဏာသိမ်း စစ်ကောင်စီ လိုလားသူတွေ တက်ရောက်ခဲ့ပါတယ်။
အာဏာသိမ်း စစ်ကောင်စီ ထောက်ခံပွဲကို စစ်ကောင်စီတပ်ဖွဲ့တွေက လုံခြုံရေး ယူပေးခဲ့ပြီး မနက်ဖြန် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ် ထောက်ခံပွဲ ထပ်လုပ်ဖို့ စီစဉ်နေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။







