ကျောက်ဖြူတွင် ဆိုင်ကယ်တိုက်၍ ဆေးရုံတင်ရသည့် လူငယ်သုံးဦးထဲမှ တစ်ဦးသေဆုံး

ကျောက်ဖြူတွင် ဆိုင်ကယ်တိုက်၍ ဆေးရုံတင်ရသည့် လူငယ်သုံးဦးထဲမှ တစ်ဦးသေဆုံး
by -
နိရဥ္စရာ
ဆိုင်ကယ်တိုက်ပြီး တွေ့ရသည့် မြင်ကွင်း/ Photo- Saw Moe Kyaw
ဆိုင်ကယ်တိုက်ပြီး တွေ့ရသည့် မြင်ကွင်း/ Photo- Saw Moe Kyaw
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ဇူလိုင်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဆိုင်ကယ်တိုက်မှုအတွင်း လူငယ် ၃ ဦးကို ဆေးရုံတင်ပို့ခဲ့ရရာ ယင်းအထဲမှ လူငယ် တစ်ဦးမှာ ကျောက်ဖြူဆေးရုံတွင် သေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသူ လူငယ်မှာ ကျောက်ဖြူမြို့ ရခိုင်ပိုက်ဆိပ်ရက်ကွက်၊ ဆားပြင်ကွင်းတွင် နေထိုင်သူ အောင်နိုင်စိုး(၁၈)နှစ် ဖြစ်ကြောင်း ကျောက်ဖြူရဲစခန်းမှ အတည်ပြု ပြောကြားသည်။

အောင်နိုင်စိုးသည် ၀ဲပေါင်းကျိုး၊ ၀ဲဒူးစုပ်ပြဲ၊ ၀ဲပါးနဖူးရောင်၊ ယာဂျိုစောင်း ပေါက်ပြဲ/သွေးထွက် ဒဏ်ရာရရှိပြီး ဇူလိုင် ၈ ရက် ညနေ ၆ နာရီ ၄၀ မိနစ်ခန့် တွင် ကျောက်ဖြူ ပြည်သူ့ဆေးရုံ၌ သေဆုံးသွားခဲ့သည်။

ဇူလိုင်လ ၈ ရက် ညနေ ၃ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် ကျောက်ဖြူမြို့၊ အစိုးရ ရပ်ကွက်၊ ဂေါက်ကွင်းအနီးလမ်းမပေါ်တွင် တောင်ရင်းကျေးရွာအုပ်စု၊ င/လပွေ့ ကျေးရွာနေထိုင်သူ ဆိုင်ကယ် ကယ်ရီမောင်း ၀င်းဇော်ထွန်း(၂၂) နှစ် မောင်းနှင် လာသော ဆိုင်ကယ်နှင့် ရခိုင်ပိုက်ဆိပ်ရက်ကွက်၊ ဆားပြင် ကွင်းတွင် နေထိုင်သူ အောင်နိုင်စိုး(၁၈)နှစ်နှင့် ဆိုင်ကယ်နောက်လိုက်အဖြစ် အောင်မြထွေး (၁၈)နှစ်၊ အောင်အောင်ဖြိုး တို့စီးနှင်းလာသော ဆိုင်ကယ်တို့ မျက်နာချင်းဆိုင် တိုက်မိခဲ့သည်။

ဆိုင်ကယ်တိုက်မှု ဖြစ်ပွားပြီးနောက် ဒဏ်ရာ ရရှိသူ အောင်နိုင်စိုး၊ အောင်မြထွေးနှင့် ၀င်းဇော်ထွန်းတို့ ဒဏ်ရာ ရရှိခဲ့သဖြင့် ကျောက်ဖြူ ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရပြီး အောင်နိုင်စိုးမှာ သေဆုံးသွားခဲ့သည်။

အောင်နိုင်စိုး၏ ဆိုင်ကယ်နောက်တွင် ထိုင်၍လိုက်ပါလာသော ရခိုင်ပိုက်ဆိပ် ရပ်ကွက်၊ ဆားပြင်ကွင်းတွင်နေထိုင်သူ အောင်မြထွေးတွင် ၀ဲလက်တံတောင်ဆစ် ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ပြီး ဆိုင်ကယ် ကယ်ရီပို့ဆောင်သူ ၀င်းဇော်ထွန်းတွင် ၀ဲဘက်မျက်ခုံးအောက် ပွန်းပဲ့ဒဏ်ရာ၊ မေးစေ့အောက် ပွန်းပဲ့ဒဏ်ရာ၊ ၀ဲဒူးဆစ်အောက် ပွန်းပဲ့ဒဏ်ရာရရှိပြီး ပြည်သူ့ဆေးရုံတွင် ဆေးကုသနေရသည်။

အဆိုပါအမှုအား ကျောက်ဖြူမြို့မရဲစခန်း ယာဉ်(ပ)၂၁/၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၀၄-က/၃၃၇ အရအမှုဖွင့်ထားရှိပြီး အမှုအား ဒုရဲအုပ် စိုးထွန်းနိုင်မှ စစ်ဆေးလျက်ရှိကြောင်းသိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...