ဖလမ်းမြို့က ဖမ်းဆီးခံရသော CDM ဝန်းထမ်းအမျိုးသမီး ၃ ဦး ပြန်လွတ်၊ ၄ ဦးကျန်သေး

ဖလမ်းမြို့က ဖမ်းဆီးခံရသော CDM ဝန်းထမ်းအမျိုးသမီး ၃ ဦး ပြန်လွတ်၊ ၄ ဦးကျန်သေး

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်က ဖမ်းဆီးခံရသော CDM ဝန်းထမ်းအမျိုးသမီး ၃ ဦးကို ဇန်နဝါရီလ ၂၈ ရက်တွင် ပြန်လည်လွတ်မြောက်လာသော်လည်း ကျန်အမျိုးသမီး ၄ ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဟု သိရသည်။

အဆိုပါ ပြန်လွတ်လာသော CDM ဝန်ထမ်း ၃ ဦးမှာ ပညာရေးဌာနမှ ၂ ဦးနှင့် ဆက်သွယ်ရေးဌာနမှ ၁ ဦးတို့ဖြစ်ကြပြီး နေအိမ်အသီးသီးကို ပြန်ရောက်နေကြပြီဟု ဖလမ်းမြို့ခံတစ်ဦးက ပြောသည်။

“ ဒီနေ့ ၁၁ နာရီက ပြန်လွတ်တယ်။ မေးမြန်းစရာမရှိတော့ဘူး။ ပြီးသွားပြီပေါ့။ မေးစရာတွေ ကျန်သေး တဲ့သူတွေက ကျန်သေးတယ်။ မေးစရာတွေ ပြီးသွားရင် ပြန်လွတ်မယ် အဲ့လိုပဲ ပြောတာပဲ” ဟု ဖလမ်း မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ CDM  ဝန်ထမ်းအမျိုးသမီး ၇ ဦးကို ဇန်နဝါရီလ ၂၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့များမှ နေ အိမ်တွင် သွာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...