KNU တပ်မဟာ(၆) ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း ရာထူးက အနားယူ

KNU တပ်မဟာ(၆) ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း ရာထူးက အနားယူ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) ဒူးပလာယာခရိုင် ဥက္ကဌဖြစ်သူ ပဒိုစောရွှေမောင်းဟာ ရာထူးတာဝန်ကနေ နှုတ်ထွက်ပြီး အနားယူသွားတယ်လို့ ကေအဲန်ယူပြောခွင့်ရသူ ပဒိုစောတောနီးက ပြောပါတယ်။

ခရိုင်ဥက္ကဋ္ဌ ဖြစ်တဲ့ ပဒိုစောရွှေမောင်းဟာ ဇန်နဝါရီ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကေအဲန်ယူ-ဒူးပလာယာခရိုင်ရဲ့ အရေးပေါ်အစည်းအဝေးမှာ ရာထူးတာဝန်ကနေ နှုတ်ထွက်ပြီး အနားယူသွားတာ ဖြစ်ပါတယ်။

ကေအဲန်ယူ ဖွဲ့စည်းပုံအရ ဥက္ကဋ္ဌ တစ်ယောက်ဟာ ကျန်းမာရေးကြောင့် ဖြစ်စေ တခြားအကြောင်းကြောင်းကြောင့် ဖြစ်စေ အနားယူခွင့်ရှိတယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။

“ ဖွဲ့စည်းပုံအရတော့ ကျန်းမာရေးကြောင့်ဖြစ်စေ ၊ အခြားအကြောင်းကြောင့် ဖြစ်စေ ဆက်လက်ပြီး တာဝန်မထမ်းဆောင်နိုင်တော့ရင် အရေးပေါ်အစည်းအဝေးခေါ်ပြီး အနားယူလို့ ရပါတယ်” လို့ ဆိုပါတယ်။

ခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းဟာ ရာထူးက အနားယူသွားတဲ့အတွက်ကြောင့် KNLA တပ်မဟာ ၆ တပ်မဟာမှူးဖြစ်သူ ဗိုလ်မှူးချုပ်စောဆာမိက ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ခေါင်ဆောင်တဲ့ နီးစပ်သူ တစ်ဦးဖြစ်တဲ့ ပဒိုစောရွှေမောင်း ဥက္ကဌ အဖြစ် တာဝန်ယူဆောင်ရွက်တဲ့ ဒူးပလာယာခရိုင်နယ်မြေထဲမှာတော့ လေးကေကော်မြို့သစ်နဲ့ ကော့ကရိတ်မြို့နယ်ထဲမှာ လက်ရှိအချိန်အထိ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ စစ်ရေးတင်းမာမှုတွေ ရှိနေပြီး စစ်ဘေးရှောင်တွေ သောင်းချီ ထွက်ပြေးနေရတာဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...