ရခိုင်ပြည်နယ်မှ တက္ကသိုလ်ဝင်တန်းထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသားများအား သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့မှ ဂုဏ်ပြုဆုချီးမြှင့်

ရခိုင်ပြည်နယ်မှ တက္ကသိုလ်ဝင်တန်းထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသားများအား သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့မှ ဂုဏ်ပြုဆုချီးမြှင့်
by -
နိရဥ္စရာ
၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရခိုင်ပြည်နယ်မှ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသူ ကျောင်းသားများကို သင်္ဂဟကမ်းလက် ရက္ခိတ အဖွဲ့မှ ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းဆုများကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရွှေကရုဏာခန်းမနှင့် တောင်ကုတ်မြို့တို့တွင် ၂ နေရာခွဲ၍ အခမ်းအနား ပြုလုပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ဆုချီးမြှင့်ရာတွင် ရခိုင်ပြည်နယ်တွင် ပထမမှ ပဥ္စမအဆင့် ရရှိသော ကျောင်းသူကျောင်းသားများဖြစ်ကြသည့် မဖြိုးဝေခင် အထက ၂ စစ်တွေ ၆ ဘာသာဂုဏ်ထူး ရမှတ် ၅၄၉ မှတ် ပထမ၊ မောင်ညီညီဖြိုး အထက ကမ်းထောင်းကြီး ၆ ဘာသာ ဂုဏ်ထူး ရမှတ် ၅၃၀ ဒုတိယ၊မစောယုနွယ်နီ အထက ၂ စစ်တွေ ၆ ဘာသာ ဂုဏ်ထူး ရမှတ် ၅၂၉ တတိယ၊ မခင်ရှင်းသန့်ထင် အထက ၁ တောင်ကုတ် ၆ ဘာသာဂုဏ်ထူး ရမှတ် ၅၂၉ တတိယ၊ မောင်ခိုင်စိုးလင်း အထက ၂ စစ်တွေ ၆ ဘာသာဂုဏ်ထူး ရမှတ် ၅၂၁ စတုတ္ထ၊ မောင်သန့်စင် အထက ၁ တောင်ကုတ် ၆ ဘာသာဂုဏ်ထူး ရမှတ် ၅၂၁ စတုတ္ထနှင့် မအေးစန္ဒာ အထက ၁ စစ်တွေ ၅ ဘာသာဂုဏ်ထူး ရမှတ် ၅၁၃ ပဥ္စမတို့အား ဆုချီးမြှင့်ခဲ့သည်။

ဆုများအတွက် ပထမကို ၃ သိန်းကျပ်၊ ဒုတိယကို ၂ သိန်း ၅ သောင်းကျပ်၊ တတိယကို ၂ သိန်းကျပ်၊ စတုတ္ထကို ၁ သိန်း ၅သောင်းကျပ်နှင့် ပဥ္စမကို ၁ သိန်းကျပ်စီ ချီးမြှင့်ခဲ့သည်။

“ရခိုင်သားထဲက တော်တဲ့အတွက် ရခိုင်အဖွဲ့က ဂုဏ်ပြုဆုချီးမြှင့်ရတာဖြစ်ပြီး၊ အခုလိုမျိုး ဆုရရှိတဲ့ ကျောင်းသူကျောင်းသားတွေကို နောက်လာမယ့် ကျောင်းသားတွေက အတုယူပြီး ကြိုးစားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဆုချီးမြှင့်ရတာပါ”ဟု သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့၏ ယခုအကြိမ် ဆုချီးမြှင့်ခြင်းသည် စတုတ္ထအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

သင်္ဂဟ ကမ်းလက် ရက္ခိတအဖွဲ့ကို ၂၀၁၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ပြည်တွင်း ပြည်ပမှ မျိုးချစ်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းခဲ့ပြီး အဖွဲ့အနေဖြင့် ပညာရေးအတွက် အကူအညီများ ပေးနေသည့်အပြင် ရေးဘေး၊ လေဘေးနှင့် စစ်ဘေးဒုက္ခသည် ရခိုင်ပြည်သူများအတွက်လည်း တတ်နိုင်သလောက် အကူအညီပေးလျက်ရှိသည်ဟု သိရှိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...