ဖောင်းပြင်မြို့နယ် လွင်ကြီးရဲကင်းစခန်းမီးရှို့ခံရ

ဖောင်းပြင်မြို့နယ် လွင်ကြီးရဲကင်းစခန်းမီးရှို့ခံရ

ဖောင်းပြင်မြို့နယ် လွင်ကြီးရဲကင်းစခန်း ဇန်နဝါရီလ ၂၃ ရက်နေ့ ည ၁၀ နာရီခွဲအချိန်မှာ မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေက ရှမ်းနီအသံကိုပြောပါတယ်။

“ လွင်ကြီးရဲစခန်းမနေ့က ၁၀ နာရီခွဲဝန်းကျင်လောက်မီးရှို့ပြီးတော့ သွားလိုက်ကြတယ်လို့ပြောတယ်။ ရဲစခန်းတစ်ခုလုံးလောင်တယ်။ တန်းလျားတွေလည်းအကုန်လောင်တယ်လို့ပြောကြတယ်။တစ်စခန်းလုံးကတော့ လောင်သွားတာပါ့” လို့ ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

ဒီလိုမီးရှို့မှုတွေကို PDF.  တွေပြုလုပ်တယ်လို့လည်း ပြောဆိုမှုတွေရှိနေပေမယ့် PDF အဖွဲ့တွေက ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မီးရှို့ခံရတဲ့ လွင်ကြီးရဲစခန်းမှာ  ရဲတွေ မရှိသည်မှာ လနှင့်ချီကြာမြင့်နေပြီလည်းဖြစ်ပါတယ်။

မီးရှို့ခံရမှုက ရဲစခန်းအပြင် ဝန်ထမ်းတန်းလျားတွေလည်း မီးရှို့ခံရပြီး  လွင်ကြီးဒေသခံတွေက မီးငြိမ်းသတ်ခဲ့ရတယ်လို့ဆိုပါတယ်။

ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း ဖောင်းပြင်မြို့နယ်ထဲမှာရှိတဲ့ ရဲစခန်းနှစ်ခုကိုလည်း ဒေသခံကာကွယ်ရေးတပ်တွေကို ဝင်ရောက်တိုက်ခိုက်မှုတွေပြုခဲ့ပါသေးတယ်။

ဖောင်းပြင်မြို့နယ်က မိုင်းချောင်းရဲစခန်း နဲ့ ရေအောက်တောင်းရဲစခန်းတို့ တိုက်ခိုက်ခံရပြီး စခန်းကို   မီးရှို့ခဲ့တဲ့ အပြင် လက်နက်တွေ နဲ့ စခန်းမှူး ၊ ရဲတပ်သားတွေ လည်း ဖမ်းဆီးရမိတယ်လို့ NUG ဘက်က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...
June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...