Non CDM ဝန်ထမ်း မိသားစုဝင်တွေ ကိုဗစ်ကာကွယ်ဆေးမထိုးရင် ဝန်ထမ်းကို အရေးယူမယ်လို့ စစ်ကောင်စီ ဖိအားပေး

Non CDM ဝန်ထမ်း မိသားစုဝင်တွေ ကိုဗစ်ကာကွယ်ဆေးမထိုးရင် ဝန်ထမ်းကို အရေးယူမယ်လို့ စစ်ကောင်စီ ဖိအားပေး

မွန်ပြည်နယ်မှာ ရုံးတက်နေတဲ့ Non CDM ဝန်ထမ်း မိသားစုဝင်တွေ ကိုဗစ်ကာကွယ်ဆေးမထိုးရင် ဝန်ထမ်းတွေကို အရေးယူမယ်လို့ စစ်ကောင်စီက ဖိအားပေးလာကြောင်း ရုံးတက်နေတဲ့ ဝန်ထမ်း မိသားစုဝင်တွေက ပြောပါတယ်။

စစ်ကောင်စီဟာ အခုနောက်ပိုင်းမှာ ရုံးတက်နေတဲ့ Non CDm ဝန်ထမ်း မိသားစုဝင်တွေအနေနနဲ့ ကိုဗစ်ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြဖို့ ဆက်တိုက် ဖိအားပေးလာတာ ဖြစ်ပါတယ်။

ရုံးတက်နေတဲ့ Non CDM ဝန်ထမ်း မိသားစုဝင်တွေ ကိုဗစ်ကာကွယ်ဆေး မထိုးရင် ဝန်ထမ်းတွေကို ရာထူးတိုးခံစားခွင့်မပြုတာ၊ နယ်စွန်းနယ်ဖျား အပြောင်းအရွှေ့လုပ်တာနဲ့ နှစ်တိုး ခံစားခွင့်မပေးဘူးလို့ စစ်ကောင်စီက ဖိအားပေး ခြိမ်းခြောက်လာပါတယ်။

ရုံးတက်နေတဲ့ ဝန်ထမ်း မိသားစုဝင် တစ်ဦးကတော့ စစ်ကောင်စီကို အယုံအကြည် မရှိလို့ ကာကွယ်ဆေးမထိုးတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အခု ဇန်နဝါရီနောက်ဆုံးအပတ်ထိ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးသူ ၂၁ သန်းခွဲထိ ရှိလာပြီး စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...