Non CDM ဝန်ထမ်း မိသားစုဝင်တွေ ကိုဗစ်ကာကွယ်ဆေးမထိုးရင် ဝန်ထမ်းကို အရေးယူမယ်လို့ စစ်ကောင်စီ ဖိအားပေး

Non CDM ဝန်ထမ်း မိသားစုဝင်တွေ ကိုဗစ်ကာကွယ်ဆေးမထိုးရင် ဝန်ထမ်းကို အရေးယူမယ်လို့ စစ်ကောင်စီ ဖိအားပေး

မွန်ပြည်နယ်မှာ ရုံးတက်နေတဲ့ Non CDM ဝန်ထမ်း မိသားစုဝင်တွေ ကိုဗစ်ကာကွယ်ဆေးမထိုးရင် ဝန်ထမ်းတွေကို အရေးယူမယ်လို့ စစ်ကောင်စီက ဖိအားပေးလာကြောင်း ရုံးတက်နေတဲ့ ဝန်ထမ်း မိသားစုဝင်တွေက ပြောပါတယ်။

စစ်ကောင်စီဟာ အခုနောက်ပိုင်းမှာ ရုံးတက်နေတဲ့ Non CDm ဝန်ထမ်း မိသားစုဝင်တွေအနေနနဲ့ ကိုဗစ်ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြဖို့ ဆက်တိုက် ဖိအားပေးလာတာ ဖြစ်ပါတယ်။

ရုံးတက်နေတဲ့ Non CDM ဝန်ထမ်း မိသားစုဝင်တွေ ကိုဗစ်ကာကွယ်ဆေး မထိုးရင် ဝန်ထမ်းတွေကို ရာထူးတိုးခံစားခွင့်မပြုတာ၊ နယ်စွန်းနယ်ဖျား အပြောင်းအရွှေ့လုပ်တာနဲ့ နှစ်တိုး ခံစားခွင့်မပေးဘူးလို့ စစ်ကောင်စီက ဖိအားပေး ခြိမ်းခြောက်လာပါတယ်။

ရုံးတက်နေတဲ့ ဝန်ထမ်း မိသားစုဝင် တစ်ဦးကတော့ စစ်ကောင်စီကို အယုံအကြည် မရှိလို့ ကာကွယ်ဆေးမထိုးတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အခု ဇန်နဝါရီနောက်ဆုံးအပတ်ထိ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးသူ ၂၁ သန်းခွဲထိ ရှိလာပြီး စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...