NUG နဲ့ PDF လှုပ်ရှားမှု သတင်းမတင်နိုင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရှေ့တန်းပို့မယ်လို့ စစ်တပ်ဘက်က ခြိမ်းခြောက်လာ

NUG နဲ့ PDF လှုပ်ရှားမှု သတင်းမတင်နိုင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရှေ့တန်းပို့မယ်လို့ စစ်တပ်ဘက်က ခြိမ်းခြောက်လာ

မွန်ပြည်နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပတ်သက်ဆက်သွယ်သူတွေ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှု သတင်း မတင်နိုင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရှေ့တန်းပို့မယ်လို့ စစ်တပ်ဘက်က ခြိမ်းခြောက်လာကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

NUG အစိုးရနဲ့ ပတ်သက်ဆက်နွယ်သူတွေ၊ ကူညီထောက်ပံ့နေသူတွေ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုနဲ့ ဖမ်းဆီးရရှိမှု အခြေအနေကို သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေက တစ်ပတ် အနည်းဆုံး အမှု ၁ ခု မဖြစ်မနေ တင်ပြဖို့ မြို့နယ်အလိုက် စစ်တပ်အကြီးအကဲတွေက ညွှန်ကြားထားတာပါ။

အစီရင်ခံစာ မတင်ပြနိုင်တဲ့ သက်ဆိုင်ရာ နယ်မြေရဲစခန်း တာဝန်ရှိသူတွေကို စစ်တပ်ဘက်က နယ်ပြောင်းတာအပြင် ရှေ့တန်းပို့ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုလာတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

 စစ်တပ် အာဏာသိမ်းပြီးနောက် စစ်တပ်ဘက်က လူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေအပေါ်အနိုင်ကျင့် ခိုင်းစေတာအပြင် ပြစ်မှု တစ်စုံတစ်ရာ ဖြစ်ရင်လည်း ရဲတပ်ဖွဲ့ဝင်တွေကို အပြစ်ပုံချတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ နယ်မြေရဲစခန်းအပိုင် နေရာတွေမှာ ဗုံးကွဲတာ၊ သတင်းပေး ဒလန်တွေ သတ်ဖြတ်ခံရရင်လည်း ရဲတပ်ဖွဲ့ဝင်တွေကို စစ်တပ်အကြီးအကဲတွေက ဆဲဆိုကြိမ်းမောင်းတာတွေ ရှိနေတာပါ။

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ရဲတပ်ဖွဲ့ဝင်တချို့ကို တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်း၊စစ်ကိုင်းတိုင်း အပါအဝင် ကယားပြည်နယ်ဘက်သို့ ပို့ဆောင်ထားပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...