ခန္တီးမြို့နယ် ကျားနီပါတီဥက္ကဌ ဦးစိုင်းဘိုဘိုအောင် ပုဒ်မ- ၅၀၅(က ) ထောင်ဒဏ်နှစ်နှစ်ချခံရ

ခန္တီးမြို့နယ် ကျားနီပါတီဥက္ကဌ ဦးစိုင်းဘိုဘိုအောင် ပုဒ်မ- ၅၀၅(က ) ထောင်ဒဏ်နှစ်နှစ်ချခံရ

ခန္တီးမြို့နယ် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးစိုင်းဘိုဘိုအောင်ကို ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၂ နှစ် ချလိုက်ကြောင်းသိရပါတယ်။

၅ လခွဲကျော်ကြာ ဖမ်းဆီးတရားစွဲဆိုခံရပြီးတဲ့နောက် ဇန်နဝါရီလ ၂၀ ရက်နေ့မှာပဲ ခန္တီးအကျဉ်းထောင်မှာ အမိန့်ချပြီး ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်တယ်လို့ ကျားနီပါတီ ဗဟိုအလုပ်အမှုဆောင်ဖြစ်တဲ့  ဦးတင်မြင့်က ပြောပါတယ်။

“ သူ့မိသားစုတွေကတော့ သူလွတ်မြောက်ဖို့အတွက် အသနားခံစာတင်တယ်။တင်ပေမယ့်မရဘူး ၊ ရှင်းရှင်းပြောရင်တော့ အခုသတ်မှတ်တဲ့ဥပဒေကို ဘယ်လိုမှကျော်လွှားလို့မရနိုင်ဘူး ၊ သူတို့သတ်မှတ်တဲ့ နှစ်နှစ်ပဲ အကျခံလိုက်တာပါ့” လို့ဦးတင်မြင့်က ပြောပါတယ်။

ဒီအမှုကို ဆက်လက်အယူခံဖို့လဲမရှိတော့ပဲ ချုပ်ရက်တွေနဲ့ ပြန်တွက်ပြီးတဲ့နောက်မှာ တစ်နှစ်ကျော်ကျော်သာ ကျခံရတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဦးစိုင်းဘိုဘိုအောင်က ခန္တီးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေမှာ ရှေ့ဆုံးကနေ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးတရားစွဲဆိုခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

ပုဒ်မ ၅၀၅ နဲ့ တရားစွဲခံရသူ လေးထောင်ကျော်ကို လွတ်ပေးတုန်းကလည်း သူ့ကို လွတ်ပေးမယ့် စာရင်းထဲပါပေမယ့် ကန့်ကွက်သူရှိတာကြောင့် မလွတ်ခဲ့ပဲ တရားဆက်လက်ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။

ဦးစိုင်းဘိုဘိုအောင်က ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ခန္တီးမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးလည်းဖြစ်ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲ သပိတ်တွေမှာ ရှမ်းနီတိုင်းရင်းသားတွေက ပါဝင်ခဲ့ပြီးတော့ သပိတ်ဖြိုခွင်းမှုကြောင့် နှစ်ဦးထက်မနည်းလည်း သေဆုံးခဲ့ပါတယ်။

ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...