စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် ကော့ကရိတ်ဒေသခံ (၂၀၀၀၀) ကျော် စစ်ဘေးရှောင်ရ

စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် ကော့ကရိတ်ဒေသခံ (၂၀၀၀၀) ကျော် စစ်ဘေးရှောင်ရ
ဓာတ်ပုံ - ဒူးပလာယာခရိုင်
ဓာတ်ပုံ - ဒူးပလာယာခရိုင်

စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲက ဒေသခံ (၂၀၀၀၀)ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူ-ဒူးပလာယာခရိုင်က ဇန်နဝါရီ (၂၃)ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ (၇)ရက်နေ့မှာစတင်ခဲ့တဲ့ တိုက်ပွဲက (၂၃)ရက်နေ့ထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေပါ ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကော့ကရိတ်မြို့နယ်ထဲက ကော့နွဲ၊ ကမိုင်ကုန်း၊ ရွာသစ်ကုန်း၊ မြို့ဟောင်း၊ အံကလော်၊ တတန်ကူး၊ ကျောက်စရစ်ကုန်း၊ ကထို့ထ၊ ရွာသစ် (မောင်းမ)၊ သာယာကုန်း၊ ကြောင်လျှာကုန်း၊ ဖန်ခါးကုန်း၊ အံဖကြီး၊ အံဖလေး၊ ရွာတန်းရှည်၊ ကြာအင်းကုန်း၊ နောင်နိုင်း၊ နန်းရွေမှုံ၊ အောင်လှိုင်၊ တဝေါသော၊ စက္ကဝက်၊ သုံးဆယ့်သုံးဆူ၊ ကျိုက်သလိုက်၊ ဘော့ဒိုင်း၊ ဒေါက်ပလံ၊ ခုဒုံ၊ ဆံဖလား စတဲ့ကျေးရွာက ဒေသခံပြည်သူတွေ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ KNU က ဆိုပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်က ကျေးရွာထဲ လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆယ်ကျော်သက် ၄ ဦးအပါအဝင် ၁၂ ဦးဒဏ်ရာရရှိခဲ့ပြီး အသက် ၁၇ နှစ်အရွယ် ရွေ့ပြောင်းလုပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

" ဒီမှာ အခက်အခဲတွေ အမျိုးမျိုးပဲပေါ့၊ မိုးရွာတယ်၊ မအိပ်ရဘူး၊ ကလေးတွေဆိုတော့ဟုတ်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ နေမကောင်းဖြစ်တာ ဖြစ်ကြတယ်၊ လသားနှစ်သားအရွယ်တွေ၊ စားသောက်ရေး၊ အိပ်ရေးအခက်အခဲအားလုံးဖြစ်နေတာပေါ့၊ လေယာဉ်နဲ့ပစ်နေကြတယ်၊ ဗုံးခိုကျင်းထဲပြေးဝင်ရ ကလေးတွေနဲ့ဆိုတော့၊ တခြားရွာက အဘိုးအဘွားအရွယ်တွေဆို မိုင်းတွေထိ မြင်ရတာ စိတ်မကောင်းဘူး။ ဒီလိုမျိုးအဖြစ်အပျက်တွေ ကြုံခဲ့တာများနေပြီး မလိုချင်တော့ဘူး၊ မကြုံချင်တော့ဘူး၊ တက်နိုင်တဲ့သူတွေနဲ့ လူကြီးတွေကို တောင်းဆိုပါတယ်။"စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်ထိတော့ အချို့ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်တပ်စွဲထားဆဲဖြစ်လို့ စစ်ဘေးရှောင်တွေက နေရပ်ပြန်ဖို့ အလှမ်းဝေးကွာနေဆဲ ဖြစ်ပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...