VPN အသုံးပြုလျှင် ထောင်သုံးနှစ်ထိချမှတ်နိုင်တဲ့ဥပဒေတစ်ရပ်ကို စစ်ကောင်စီပြင်ဆင်

VPN အသုံးပြုလျှင် ထောင်သုံးနှစ်ထိချမှတ်နိုင်တဲ့ဥပဒေတစ်ရပ်ကို စစ်ကောင်စီပြင်ဆင်

VPN  လို့ခေါ်တဲ့ Vitural Private Network သုံးပြီးတော့  လူမှုကွန်ရက်အသုံးပြုမယ်ဆိုရင် ထောင်ဒဏ်တစ်နှစ်ကနေ သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေတစ်ရပ်ကို စစ်ကောင်စီက ပြင်ဆင်နေကြောင်း သိရပါတယ်။

ဒီဥပဒေကို ဆိုက်ဘာလုံခြုံရေးဥပဒေလို့ အမည်ပေးထားပြီးတော့ ဇန်နဝါရီလ ၁၃ ရက်နေ့ရက်စွဲနဲ့  မူကြမ်းထွက်ထားပြီး ဒီရက်ပိုင်းမှာ လူမှုကွန်ရက်စာမျက်နှာပေါ်ကို ပျံ့နှံ့ရောက်ခဲ့တာလည်းဖြစ်ပါတယ်။

ဆိုက်ဘာလုံခြုံရေးဥပဒေတစ်ရပ်ကို NLD အစိုးရလက်ထက်ကတည်းက ပြင်ဆင်ထားပေမယ့်လည်း ဒီလို VPN အသုံးပြုမှုအပေါ် ကန့်သတ် မယ့်အကြောင်း. မပါဝင်ပေ။

စစ်ကောင်စီက အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ မြန်မာပြည်မှာ လူအသုံးအများဆုံးဖြစ်တဲ့ Facebook အပါအဝင်    တွိတာ လူမှုကွန်ရက်စာမျက်နှာတို့ကို အသုံးပြုလို့မရအောင် ပိတ်သိမ်းခဲ့တာလည်းဖြစ်ပါတယ်။

ဒီလို စစ်ကောင်စီရဲ့ ကန့်သတ်ထားတဲ့ လူမှုကွန်ရက်စာမျက်နှာတွေနဲ့ ဝက်ဆိုဒ်တွေကို   VPN ခံပြီးတော့ အသုံးပြုနေကြရတာလည်းဖြစ်ပါတယ်။

“ အခု အာဏာလုယူမှု တစ်နှစ်ပြည့်ခါနီးအချိန်မှာတော့ အဲဒီ့ “ဆိုက်ဘာ လုံခြုံရေးဥပဒေ(မူကြမ်း)” ဆိုတာကြီးကို အတည်ပြုနိုင်ဖို့ ခြေလှမ်းပြင်လာတာကို တွေ့ရပါတယ်။ ပြည်သူလူထုတစ်ရပ်လုံး ညီညီညွတ်ညွတ်နဲ့ ဆင်နွှဲပြီး တော်လှန်ရေးကို များစွာအထောက်အကူပြုနေတဲ့ နည်းပညာသပိတ် (Digital Strike) ရဲ့ ထိုးနှက်ချက်တွေက အကြမ်းဖက်စစ်အုပ်စုကို ဘယ်လောက်တောင် အထိနာစေနေသလဲဆိုတာ ဒီဥပဒေမူကြမ်းမှာ ထည့်သွင်းရေးဆွဲထားတဲ့ ပြစ်မှုပြစ်ဒဏ်တွေက သက်သေပြနေပါတယ်။” လို့ ကိုနေဘုန်းလတ်က NUG ရဲဲ့ သတင်းထုတ်လွင့်တဲ့ PVTV  မှာ ပြောဆိုထားပါတယ်။

ဒီိလို ဆိုက်ဘာဥပဒေကြမ်းတစ်ခုကိုလည်း စစ်အာဏသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီက ပြဌာန်းဖို့အတွက် ကြိုးစားမှုတွေရှိခဲ့ဖူးပါတယ်။

ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...