Total Energies နဲ့ Chevron ရေနံကုမ္ပဏီတွေ မြန်မာပြည်က ထွက်ခွာမယ်လို့ဆို

Total Energies နဲ့ Chevron ရေနံကုမ္ပဏီတွေ မြန်မာပြည်က ထွက်ခွာမယ်လို့ဆို
Totalenergies ရဲ့ မြန်မာလုပ်ကွက်ကိုတွေ့ရစဉ်
Totalenergies ရဲ့ မြန်မာလုပ်ကွက်ကိုတွေ့ရစဉ်

ပြင်သစ် Total Energies နဲ့ အမေရိကန် Chevron ရေနံကုမ္ပဏီကြီးတွေ  မြန်မာပြည်ကနေ ထွက်ခွာတော့မယ်လို့ ဇန်နဝါရီ ၂၁ နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ရေနံကုမ္ပဏီကြီးတွေဖြစ်တဲ့ တိုတယ်အယ်နာဂျီ နဲ့ ချာပလွန် တို့ ထွက်ခွာမှုက  မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ဆိုးရွာနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကြောင့်လို့ ပြောဆိုပါတယ်။

ရတနာ ရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းမှာ တိုတယ်က ၃၁.၂၄ ရာခိုင်နှုန်း ၊ ချာပရွန်က ၂၈ ရာခိုင်နှုန်းရှိပြီးတော့  ကျန်တဲ့ရာခိုင်နှုန်းတွေက ထိုင်းကုမ္ပဏီဖြစ်တဲ့ PTT  နဲ့ မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့တို့ ပိုင်ဆိုင်ကြတာလည်းဖြစ်ပါတယ်။

ရတနာစီမံကိန်းမှ ထုတ်လုပ်တဲ့  သဘာဝဓာတ်ငွေ့ကို PTT က ဝယ်ယူပြီးတော့  ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့ ရောင်းချနေခြင်းဖြစ်ပြီး အချို့ကို ပြည်တွင်းသုံးအတွက် ဖြန့်ဖြူးရောင်းချနေတာလည်းဖြစ်ပါတယ်။

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ပိုမိုဆိုးရွားလာတဲ့ တရားဥပဒေစိုးမိုးရေးအခြေအနေ ၊ လူ့အခွင့်အရေး အခြေအနေကို ပြန်လည်သုံးသပ်ဖို့ တွန်းအားပေးခဲ့ပြီးတော့ TotalEnergies က လုံလောက်တဲ့ အပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီမှုတွေ ပြုလုပ်ခွင့်မပေးတော့ပါဘူး” လို့  TotalEnergies က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

စစ်ကောင်စီက ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းကရတဲ့ အခွန်တွေ သန်းနဲ့ချီ ရရှိနေတာလည်းဖြစ်ပါတယ် ။

“ TotalEnergies ရဲ့ မြန်မာနိုင်ငံက ထွက်ခွာဖို့ ဆုံးဖြတ်ချက်ကို ကျွန်မတို့ ကြိုဆိုပါတယ်။ ဒါက တရားမဝင်စစ်ကောင်စီဆီ ဘဏ္ဍာငွေ စီးဆင်းမှုတွေ ဖြတ်တောက်ရာမှာ အဓိကခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ TotalEnergies အနေနဲ့ အကြမ်းဖက်စစ်ကောင်စီဆီကို ဘဏ္ဍာငွေစီးဆင်းမှုတွေ ဖြတ်တောက်ဖို့ မြန်မာပြည် သူတွေ၊ ပြည်တွင်းနဲ့ နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်တွေကို အလေးဂရုပြုလာတာ ဖြစ်ပါတယ်” လို့  Justic for Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောဆိုပါတယ်။

ရတနာစီမံကိန်းရဲ့   M5  နဲ့ M6 လုပ်ကွက်ကို ၁၉၉၂ ခုနှစ်ကတည်းက တိုတယ်အယ်နာဂျီက တူးဖော်ခဲ့တာလည်းဖြစ်တယ်လို့ဆိုပါတယ်။

ချာပရွန်က ၂၀၀၅ ခုနှစ်က မြန်မာနိုင်ငံမှာ စတင်ရင်းနှီးမြှုပ်နှံခဲ့ပြီး  ပြစ်သစ်က တိုတယ်အယ်နာဂျီ ကုမ္ပဏီ ၊ ထိုင်း PTT ကုမ္ပဏီ တို့နဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...